Twilight  暮色心约 FHD

Twilight 暮色心约

Drama FHD 2023-06-29 10

ဒီတစ်ခေါက် ပရိသတ်တွေအတွက် မင်းသားလေး Allen Ren နဲ့မင်းသမီးလေး Angelababy တို့ရဲ့ ဇာတ်လမ်းသစ်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-စိတ်ကျန်းမာရေးဆရာဝန်ဖြစ်သူ လျိုရှာဟာ လမ်းမှာ တံတားပေါ်က ခုန်ချချင်တဲ့အမျိုးသမီးတစ်ယောက်ကို သူ့ရဲ့ပညာနဲ့ကူညီပေးခဲ့ပြီး ကယ်တင်ပေးခဲ့ပါတယ်။အဲ့ဒီ့အဖြစ်အပျက်ကို သူ့ရဲ့ စုံထောက်ဝတ္ထုကို ဇာတ်ညွှန်းအဖြစ် ရေးချင်နေသူစာရေးဆရာ ချီလျန်ရှန်းက တွေ့သွားပြီး လျိုရှာကို အကြံပေးအဖြစ် လုပ်ပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။လူအများအပြားကို ကူညီပေးချင်တဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက်လျိုရှာက သူမရဲ့ကိုယ်ပိုင်ရုံးခန်း ဖွင့်ခဲ့ပြီးတော့ လူအများကိုစိတ်ကျန်းမာရေးပညာနဲ့ အကူအညီပေးနိုင်ခဲ့ပါတယ်။ ချီလျန်ရှန်းရဲ့ ဝတ္ထုကိုဇာတ်လမ်းအဖြစ် ပြောင်းလဲနေချိန်မှာလည်း လျိုရှာရဲ့ အကူအညီတွေ ရရှိခဲ့ပါတယ်။သူတို့နှစ်ယောက် အဆက်အသွယ်အမြဲရှိနေခဲ့ပြီး ချီလျန်ရှန်းဟာလည်းလျိုရှာအပေါ် တဖြည်းဖြည်း မေတ္တာရှိလာခဲ့တယ်။ အဲ့နောက်မှာတဖြည်းဖြည်း လျိုရှာရဲ့ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ခဲ့ပြီးတော့ဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူတွေကို ကျော်ဖြတ်နိုင်အောင် ကူညီပေးခဲ့ပါတယ်သူတို့နှစ်ယောက်လည်း အကြိမ်ကြိမ်ပူးပေါင်းမှုတွေကတစ်ဆင့်တဖြည်းဖြည်းနီးကပ်လာပြီး ဘယ်လိုတွေရှေ့ဆက်လှမ်းကြမလဲဘယ်လိုတွေ အခက်အခဲကို ဖြတ်ကျော်ကြမလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုပါ