ယနေ့မျက်မှောက်ခေတ်မှာ အတော်များများ ဈေးကွက်ကိုထိုးဖောက်ဖို့ဆိုရင် ဆယ်လီတွေရဲ့ အားကိုယူရတယ်…ယုတ်စွ အဆုံးသွားကြားထိုးတံက အစ ဆယ်လီတွေနဲ့ကြော်ငြာရတဲ့ခေတ်ကိုရောက်နေတယ်…ခရစ်စတီယာနိုရော်နယ်ဒိုဟာ သတင်းစာရှင်းလင်းပွဲမှာ ကိုကာကိုလာမသောက်ကြနဲ့ရေပဲသောက်ကြလို့ပြောလို့ ကိုလာကုမ္ပဏီစတော့ဈေးကွက်ဟာသိသိသာ ထိုးဆင်းသွားတယ်လို့ ကြားသိလိုက်ရပါတယ်..ဆိုတော့လူမှုကွန်ယက်မှာ လွှမ်းမိုးမှုရှိတဲ့ ဆယ်လီတွေရဲ့ စွမ်းအားဟာ ဘယ်လောက်ကြီးမားသလဲဆိုတာဒါကသက်သေပါပဲ…ဒီစီးရီးထဲမှာလည်း ကိုရီးယားက ဆယ်လီတွေရဲ့ နေမှုထိုင်မှုတွေနဲ့ဒီဘဝရောက်အောင်ကြိုးစားခဲ့ပုံတွေ…ဒါ့အပြင် ဒီလိုနေထိုင်ရတဲ့ ကာလမှာဘယ်လိုတလွဲတွေကြုံခဲ့ရလဲဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့တင်ဆက်ထားတယ်..နာမည်ကျော် သရုပ်ဆောင်များစွာပါဝင်ထားသလို လူသတ်မှုတွေ…ကုမ္ပဏီတွေရဲ့ စီးပွားရေးလှုပ်ရှားမှုတွေ….လူထုရဲ့တုန့်ပြန်ပုံတွေကိုလည်းစိတ်ဝင်စားဖွယ်ကောင်းစွာ ကြည့်ရှုရမှာဖြစ်ပါတယ်…..