The Outsider 繁华似锦 FHD

The Outsider 繁华似锦

Drama FHD 2023-06-25 8.3

Three Lives Three worlds ထဲကတုန်းဟွာသိကျွင်းကောင်းဝေကွမ်းရဲ့ခေတ်ကားသစ်လေးကိုတင်ဆက်လိုက်ပါတယ်အန်းရှန့်အဖွဲ့အစည်းရဲ့တည်ထောင်သူဝမ်ကျန့်မင်ကွယ်လွန်ပြီးနှစ်နှစ်နေတော့ ကုမ္ပဏီဟာအကြပ်အတည်းထဲကျရောက်လာပါတယ်၊ဝမ်မိသားစုရဲ့သားအကြီးဖြစ်တဲ့ ဝမ်ကျွီးအန်းနဲ့ အန်းရှန့်ကုမ္ပဏီရဲ့ဥက္ကဌဖြစ်တဲ့အဒေါ်ဝမ်ယာနန်တို့ဟာ စီးပွားအမြင်မတူပဲသဘောထားချင်းမတိုက်ဆိုင်ကြတော့အာဏာပါဝါတွေယှဉ်ပြိုင်တဲ့တိုက်ပွဲကြီးဖြစ်လာပါတယ်။အန်းရှန့်အထက်ပိုင်းလူကြီးတွေရဲ့တိုက်ပွဲဟာဝန်ထမ်းလေးစူးမော့ကိုပါရိုက်ခတ်လာခဲ့တယ်။ဒီအရှုပ်အထွေးတွေကြားထဲစူးမော့ပါဆွဲထည့်ခံရပြီးစူးမော့ရဲ့ရိုးသားကြိုးစားပြီးသင်ယူချင်စိတ်များလို့သာအခက်အခဲတွေကိုကျော်ဖြတ်နိုင်ခဲ့ပြီးဝမ်ကျွီအန်းရဲ့ညွှန်ကြားမှုအောက်မှာ အရှိန်နဲ့ကြီးပြင်းလာခဲ့ပါတယ်။သူမထင်မှတ်ထားတာကတော့ စူးမော့ဟာ ဝမ်ယာနန်ကသူ့ဘေးမှာထည့်ထားတဲ့ သူ့ကိုစောင့်ကြည့်ဖို့လွှတ်ထားတဲ့သူဖြစ်နေတာပဲ။သူတို့နှစ်ယောက်ဟာ အချင်းချင်းသိထား ကာကွယ်နေကြပေမယ့်ခံစားချက်တွေမထိန်းချုပ်နိုင်ပဲချစ်မိသွားပါတော့တယ်။ကောင်းဝေကွမ်းရဲ့ CEOပုံရိပ်အမိုက်စားကိုကြည့်ရမှာမလို့လုံးဝလက်မလွှတ်သင့်ပါဘူးနော်။