Numbers 넘버스: 빌딩숲의 감시자들 FHD

Numbers 넘버스: 빌딩숲의 감시자들

Drama FHD 2023-06-23 8.3

ang Ho-Woo (Kim Myung-Soo) ဟာ ထက်မြက်ပြီးစူးစမ်းလေ့လာနိုင်တဲ့အပြင် ကိန်းဂဏန်းတွေကိုလည်း မှတ်သားနိုင်စွမ်းရှိတာကြောင့်အထက်တန်းအောင်လက်မှတ်တစ်ခုတည်းနဲ့ ထယ်အီလ်စာရင်းကိုင်ကုမ္ပဏီကို ဝင်ရောက်လုပ်ကိုင်ခွင့်ရခဲ့တဲ့ပထမဆုံး စာရင်းကိုင်ဝန်ထမ်းပဲဖြစ်ပါတယ်။ ထယ်အီလ်စာရင်းကိုင်ကုမ္ပဏီဟာ တောင်ကိုရီးယားနိုင်ငံမှာအကြီးကျယ်ဆုံး စာရင်းကိုင် ကုမ္ပဏီ လေးခုထဲက တစ်ခုဖြစ်ပြီး ဒုဥက္ကဌရဲ့သားဖြစ်သူ Han Seung-Jo (Choi Jin-Hyuk)ကလည်းနောက်ခံကောင်းကောင်းနဲ့ ဒီကုမ္ပဏီမှာ အလုပ်လုပ်နေပါတယ်။အလုပ်လုပ်ရင်း စေ့စပ်တဲ့ Ho woo တစ်ယောက် ကုမ္ပဏီရဲ့ အကျင့်ပျက်ချစားမှုတွေ မတရားမှုတွေကို မြင်တွေ့လာရတဲ့အခါလက်ပိုက်ကြည့်မနေနိုင်တာကြောင့် သေချာစုံစမ်းဖော်ထုတ်ဖို့ကြိုးစားလာပါတော့တယ်။အရာရာကွဲပြားတဲ့ Seung-Jo နဲ့ Ho Woo တို့နှစ်ယောက်သား အပြိုင် ဘာတွေလုပ်သွားကြမလဲ?Seung Jo က Ho Woo ကိုကူညီမှာလား ကူညီချင်ယောင်ဆောင်ရင်း‌ နှောင့်ယှက်မှာလား?စာရင်းကိုင်လောကရဲ့ ပြဿနာတွေကို အခြေခံရိုက်ကူးထားပြီး Mystery,Thriller,Action,drama ရသမျိုးစုံနဲ့ “Numbers”ဇာတ်ကားကောင်းလေးကို အပတ်စဉ် သောကြာ စနေနေ့တိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။