ဆရာဝန်အလုပ်ဆိုတာ ဆေးထိုးအပ်ကိုင်တတ်ရုံနဲ့ မပြီးသေးပါဘူး။ အရေးကြီးတဲ့ အခြေအနေမှာ ဆုံးဖြတ်ချက်တစ်ခု လွဲမှားသွားတာနဲ့ အမှားတွေ တန်းစီသွားနိုင်ပါတယ်။ ဒီအကြောင်းကို Malpracticeဆိုတဲ့ ဇာတ်ကားမှာ သေသေချာချာရိုက်ပြတယ်။ ဒေါက်တာလူစင်ဒါက A&E အရေးပေါ်ဌာနက ဆရာဝန်ပါ။ တစ်ရက်မှာ ဆေးလွန်တဲ့လူနာကို ကုနေတုန်း သေနတ်သမားတစ်ယောက် ရောက်လာပြီးသေနတ်နဲ့ချိန်ကာ သူ့လူ့နာကို အရင်ကုခိုင်းပါတယ်။ တစ်ဖက်ကလည်း အရေးပေါ်လူနာ၊ တစ်ဖက်ကလည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြီး ကုခိုင်းနေတဲ့အခါ ဆုံးဖြတ်ချက်တစ်ခုကို မဖြစ်မနေချရပါတော့တယ်။ ဒီမှာပဲ အလွဲတွေ စဖြစ်လာပြီး တရားခွင်တက်ရတဲ့အထိပါ ဖြစ်လာတဲ့အခါ ဒေါက်တာတစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဒီဇာတ်ကားမှာ ကြည့်ရှူရမှာ ဖြစ်ပါတယ်။