Sanctuary サンクチュアリ -聖域- FHD

Sanctuary サンクチュアリ -聖域-

Drama FHD 2023-05-04 7.941

ဒီဆူမိုကားမှာ ကျွန်တော်တို့အမြဲမြင်နေရသလို ပြိုင်ဘက်က ဘယ်လောက်မှားမှား အားကစားစိတ်နဲ့ အရာရာကိုကျော်ဖြတ်မယ်ဆိုတဲ့ ဆိုက်မျိုးနဲ့တော့မြင်ရမှာမဟုတ်ဘူး။ အေး မင်းကညစ်တယ်မလား ငါလည်း ပြန်ညစ်ပြမယ်ဆိုပြီး စည်းကမ်းတွေကို လက်တစ်လုံးခြားလုပ်တဲ့ကောင်တွေ ဒဲ့ကြီးဖောက်ပြီးထီမထင်တဲ့ကောင်တွေ မျိုးစုံကို တွေ့ရလိမ့်မယ်။ ဒီလိုရက်စက်ခြင်းတွေနဲ့တစ်ချိန်တည်းမှာပဲ ငယ်ငယ်က ကျွန်တော်တို့ကြည့်ခဲ့ကြတဲ့ ပြိုင်ကားအနီလေးကားထဲက ကားအနီလေးက သံချေးတက်နေတဲ့ကားစုတ်ကြီးကို တွန်းပေးပြီးအတူတူပန်းဝင်ခဲ့ကြသလို အရှုံးအနိုင်တွေက အရေးမကြီးတော့တဲ့အခါတွေလည်း ကျွန်တော်တို့တွေ့ရလိမ့်မယ်။ အရှုံးတွေ အနိုင်တွေ ကောင်းတာတွေမကောင်းတာတွေရဲ့ ကြားက စည်းက တော်တော်ပါးပါတယ်။ ဆူမိုဆိုတဲ့ အရာတစ်ခုကို ချစ်ခြင်းနဲ့ မချစ်ခြင်းကလည်း တော်တော်ပါးတယ်။ ဒါတွေအားလုံးကိုဒီဇာတ်လမ်းဟာ မြင်သာအောင် ရိုက်ပြသွားခဲ့တယ်။ တကယ်လို့သာ ခင်ဗျားလည်း ကျွန်တော့်လို ဆူမိုဆိုတာကို လူဝကြီးနှစ်ယောက် အားပြိုင်တွန်းတဲ့ပွဲလို့ထင်ကောင်းထင်ခဲ့မယ်ဆိုရင် ဒီဇာတ်လမ်းတွဲဟာ ခင်ဗျားအမြင်ကို ပြောင်းလဲပေးနိုင်မှာတော့ သေချာတယ်။ ဒီဇာတ်လမ်းဟာ ဆူမိုကို ခင်ဗျား မချစ်မိရင်တောင် လေးစားမိသွားအောင် လုပ်ပေးပါလိမ့်မယ်။