A Small Light FHD

A Small Light

Drama FHD 2023-05-01 8.207

ဒီတစ်ခါမှာတော့ (၁၉၃၉-၁၉၄၅)ဒုတိယကမ္ဘာစစ်ကာလကို ပြန်လည်ခေါ်ဆောင်သွားမယ့် (၂၀၂၃)ခုနှစ်ထွက် စိတ်ဝင်စားစရာ ဖြစ်ရပ်မှန်စီးရီးအသစ်လေးနဲ့ မိတ်‌ဆက်ပေးပါရစေ။ အန်းဖရန့်ခ်ဆိုတဲ့ (၁၅)နှစ်အရွယ် ဂျူးလူမျိုးကောင်မလေးရဲ့ ဒိုင်ယာရီလေးကို အခြေခံရိုက်ကူးထားတာပါ။ ဂျူးလူမျိုးမိသားစုတစ်စုကို နာဇီရန်ကနေ ကယ်ပြီးဖွက်ထားပေးခဲ့တဲ့ မိပ်ဂီးစ်ဆိုတဲ့ အမျိုးသမီးကို အဓိကဇာတ်ကောင်‌နေရာက‌နေ ထည့်သွင်းထားပါတယ်။မိပ်ရဲ့မွေးရပ်က ဩစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့။ (၁၉၀၉)ခုနှစ်မှာမွေးတယ်။ ဟိုလန်လို့လည်းသိကြတဲ့ နယ်သာလန်နိုင်ငံက ဒတ်ခ်ျလူမျိုးမိသားစုဆီမှာ မွေးစားခံရပြီး ကြီးပြင်းလာတဲ့သူတစ်ယောက်။ မိပ်ရဲ့ထူးခြားချက်က ရဲဝံ့တာပဲ။ မကြောက်ဘူးလားဆိုတော့ ကြောက်တယ်။ဒါပေမဲ့ အကြောက်တရားကိုရင်ဆိုင်ရဲတဲ့ သတ္တိရှိတဲ့ မိန်းမငယ်လေးပေါ့။(၁၉၃၃)ခုနှစ်က ဂျာမနီမှာ ဟစ်တလာ အာဏာကြီးစိုးချိန်ဆိုတော့ဂျူးတွေကို ဖိနှိပ်ခွဲခြားတယ်။ ဒါကြောင့် ဂျာမနီက ဂျူးလူမျိုးတွေဖြစ်ကြတဲ့ ဖရန့်ခ်မိသားစုက နယ်သာလန်ကိုပြောင်းလာကြတယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ အော့တိုဖရန့်ခ်ရဲ့ အော်ပတ်တာကုမ္မဏီမှာ မိပ်အလုပ်ရတယ်။အဲ့အချိန်တုန်းက နယ်သာလန်နိုင်ငံက ကြားနေနိုင်ငံ။ ဂျာမနီက ဟစ်တလာကတော့ ပြင်သစ်ကိုသိမ်းဖို့ စိုင်းပြင်းနေတာ။ ပြင်သစ်ရဲ့ အရှေ့ဘက်နယ်နိမိတ်ကို ကာထားတဲ့ မက်ဂျီနိုလိုင်းဆီ ရောက်ဖို့ဆို နယ်သာလန်ကို ဖြတ်ကိုဖြတ်ရမယ်။ ကြားနေဆိုပေမဲ့ ပြင်သစ်သာ စစ်ကြေညာရင် ဂျာမနီက နယ်သာလန်ကို ဝင်မှာပဲ။ မိပ်ကတော့ ကြားနေနိုင်ငံမို့မဝင်လောက်ဘူးပဲထင်ခဲ့တာ။ ဝင်ရင်လည်းတိုက်မယ်ပေါ့လေ။ ဒါပေမဲ့(၁၉၄၀)ခုနှစ်မှာ နယ်သာလန်ကို ဂျာမနီဝင်တော့ ၅ရက်ပဲခုခံလိုက်ရသေး၊ မေလ(၁၅)ရက်နေ့မှာ နယ်သာလန်ကျတယ်။ နယ်သာလန်ဘုရင်မကြီးက လန်ဒန်ကိုထွက်ပြေးရပြီး နယ်သာလန်(ဟိုလန်)က ဂျူးလူမျိုးတွေပါ အဖိနှိပ်ခံရတယ်။ ပုန်းအောင်းသူရော လက်ခံသူကိုပါ ထောင်ချ၊‌သေဒဏ်ပေးနေကြတဲ့ခေတ်။နယ်သာလန်မှာ ပိတ်မိသွားတဲ့ ဂျူးလူမျိုး ဖရန့်ခ်မိသားစုကို မိပ် ပစ်မထားရက်။ အခက်အခဲအတားအဆီးကြားထဲကနေ ရအောင်ဖွက်တယ်။အဲ့တုန်းက နာဇီလက်ထဲက‌နေ ဂျူးလူမျိုးတွေကို ကယ်ခဲ့တဲ့သူတွေအများကြီးရှိတယ်။ မိပ်က အဲဒီသူတွေထဲတစ်ယောက်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့စီးရီးမို့ ဇာတ်သိမ်းမတိုင်ခင် ဂူးဂဲကို ပြေးပြီးသမိုင်းသွားဖတ်ရင်တော့ စပွိုင်းမိသွားမှာဖြစ်ကြောင်း ကြိုတင်အသိပေးပါရစေ။IMDb rating 8.4/10 နဲ့ Rotten Tomatoes 100%ထိ ရရှိထားတဲ့စီးရီးမို့ကြည့်ရတာနောင်တမရစေမယ့် စီးရီးမျိုးပါ။ အပိုအလိုမရှိတဲ့ဇာတ်ကွက်တွေနဲ့အတူ ဇာတ်ကောင်တစ်ကောင်ချင်းစီတိုင်းကို သံယောဇဉ်တွယ်လာပြီး စီးရီးအစကနေအဆုံး ချို၊ချဉ်၊ဖန်၊ခါး ရသမျိုးစုံကို လေးလေးပင်ပင်ပျစ်ပျစ်နှစ်နှစ် ခံစားရမှာပါ။ဒီစီးရီးထဲမှာဆိုရင် ဒုတိယကမ္ဘာစစ်ကာလ အပြင်အဆင်တွေ၊ လူနေမှုပုံစံတွေ၊ ဝတ်စားဆင်ယင်မှုတွေအပြင် ဂျူးတွေဘယ်လိုဖိနှိပ်ခံရကြောင်းနဲ့အဲဒီခေတ်ရဲ့သမိုင်းကြောင်းတွေကိုပါ တဝကြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဒီစီးရီးထဲမှာ မျောပါရင်း ဒုတိယကမ္ဘာစစ်ကာလကို အချိန်ခရီးသွားကြည့်ကြရအောင်ဗျာ။