Ghosts of Beirut FHD

Ghosts of Beirut

Drama FHD 2023-05-21 8.3

အခု ၂၀၂၃ မှထွက်ရှိလာတဲ့ Thriller-Spy ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းတွဲဆိုပေမဲ့ တစ်ချက်တစ်ချက်မှာ Documentary စတိုင်ဖြစ်ရပ်မှန်တွေပြောပြတာတွေလည်း ပါဝင်တော့ ရသသုတစုံလင်စွာခံစားရမဲ့ ဇာတ်လမ်းပါပဲအာရပ်-အစ္စရေးစစ်ပွဲအစပြုခဲ့တဲ့ ခေတ်ကနေ ယနေ့အချိန်ထိCIA နဲ့ မော့ဆတ်တွေကို ခေါင်းခဲစေခဲ့တဲ့ လက်ဘနွန်က အကြမ်းဖက်ဗုံးခွဲသမားတစ်ယောက်ကိုလိုက်လံဖမ်းဆီးဖို့ နှစ်ပေါင်းများစွာကြိုးစားခဲ့ပုံကို ရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပြီးကြားထဲက Documentry ပုံစံသမိုင်းကို ဝင်ပြောပြတာကလည်းဇာတ်ရှိန်မကျစေတဲ့ အပြင် မူရင်းဇာတ်အိမ်ကို ခိုင်မာအောင်တည်ဆောက်ပေးသလို ဖြစ်နေတာမို့ဖြစ်ရပ်မှန်အခြေပြု စပိုင်ဇာတ်လမ်း တကယ်ဖြစ်ခဲ့တဲ့ အာရပ်-အစ္စရေးစစ်ပွဲအကြောင်းတွေကိုသိချင်သူတွေအတွက် ကြည့်ရှုသင့်တဲ့စီးရီးတစ်ခုဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ရပါတယ်တစ်ပတ်တစ်ပိုင်းနှုန်း နဲ့ စုစုပေါင်း ၄ ပိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

အပိုင်းများ

Season - 1