အချစ်ဇာတ်လမ်းတွေကို ဆွေးနွေးပေးတဲ့ ရေဒီယိုအစီအစဉ်တစ်ခုဆီကိုဂန်ဟီဂျယ် ဆိုတဲ့ ကောင်လေးက သူ့ရဲ့အချစ်ဇာတ်လမ်းလေးကိုပေးပို့ခဲ့ပါတယ်အကြောင်းအရာကတော့ သူ့ထက် ၂ နှစ်ကြီးတဲ့ မမကိုမှ သွားချစ်မိတဲ့ ဂန်ဟီဂျယ်ဟာသူ့မမနဲ့ သူ့မမရဲ့ ယောက်ျားလေးသူငယ်ချင်းတို့ နှစ်ယောက်ကို စိတ်မချနေတဲ့အဖြစ်ပါယောက်ျားလေးနဲ့ မိန်းလေးကြားက ဆက်ဆံရေးကို စိတ်ချလက်ချ မယုံကြည်နိုင် ဖြစ်နေရှာတဲ့ ဂန်ဟီဂျယ်ဟာအသက်ငယ်တဲ့ မောင်လေးတွေရဲ့ ထုံးစံအတိုင်း ခပ်မိုက်မိုက် ဖြစ်ချင်သလို ဟန်ဆောင်ပေမဲ့စိတ်ထဲမှာတော့ ခပ်မိုက်မိုက်လေး မဖြစ်နိုင်လို့ ပြဿနာတက်ပြီး တစ်ကိုယ်တော် အပူမီးပွားရတဲ့ဇာတ်လမ်းလေးပါပဲ။မ နဲ့ မောင်လေး ရဲ့ အချစ်ဇာတ်လမ်းမှာ ဘယ်လိုဗီလိန်တွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာ ရှုစားကြပါဦး။လူငယ်တွေရဲ့ အချစ်ရေးကို တကယ့်လက်တွေ့ဆန်ဆန် ပုံဖော်ထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးကြည့်လိုက်ကြပါဦးနော်