ဒီဇာတ်လမ်းက 1993 ခုနှစ် Davidian စခန်းမှာ ဖြစ်ပွားခဲ့တဲ့ခြောက်ခြားစရာ အဖြစ်အပျက် နောက်ပိုင်းမှာ စတင်လာတဲ့ဖြစ်ရပ်မှန် ဘာသာရေး တော်လှန်ရေးပွဲအကြောင်းကို ရိုက်ကူးထားတာပါ။ Waco မှာ လူတွေသေဆုံးခဲ့ပြီး လူတစ်ချို့ကFBI နှင့် အစိုးရကို အပြစ်တင်နေချိန် FBI ညှိနှိုင်းရေးသမားGary Noesner လည်း သူ့ကိုယ်သူ လိပ်ပြာမလုံဖြစ်ပြီး နောင်Davidian စခန်းမှာ အသက်ရှင်ကျန်ရစ်ခဲ့သည့် သူများ တရားရုံးမှာရင်ဆိုင်ရပုံ၊ အမေရိကန်အစိုးရနှင့် David Koresh ဦးဆောင်သည့် ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းတို့ကြား တော်လှန်ရေးဖြစ်ပွားခဲ့ပုံကို ရိုက်ကူးထားပြီး မင်းသားကြီး Michael Shannonပါဝင်တဲ့ ရာဇဝတ်၊ တရားရေးရာ စီးရီးကောင်းတစ်ပုဒ် ဖြစ်ပါတယ်။