Work Later, Drink Now 술꾼도시여자들 FHD

Work Later, Drink Now 술꾼도시여자들

Comedy Drama FHD 2021-10-22 8.1

နာမည်နဲ့ တင်စိတ်ဝင်စားသွားကြပြီ ဟုတ်။နေ့စဉ်ဘဝတွေရဲ့ ငြီးငွေ့မှုတွေ ဖိအားတွေကနေ ရုန်းထွက်နိုင်ဖို့ လူတိုင်းမှာ စိတ်ဖြေရာတစ်ခုစီရှိကြပါတယ်။ အဲထဲမှာ ဆိုဂျူဆိုတဲ့အရက်သောက်ခြင်းကလည်း ကိုရီးယားယဉ်ကျေးမှုမှာ တစ်ခုအပါအဝင်ပါပဲ။ မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်လောက်ထိသောက်နိုင်သလဲ… အဲထင်မြင်ချက်တွေထက် ကျော်လွန်ပြီး ကျွန်မတို့ ဇာတ်ကောင် သုံးယောက်က ပြသပေးသွားမှာပါ။ရသစုံအစီအစဉ်ရဲ့ စာရေးဆရာမဖြစ်တဲ့ အန်းဆိုဟီး၊ ယောဂသင်ကြားပေးသူဖြစ်တဲ့ ဂျီယောင်း၊ You tube တင်ဆက်သူဖြစ်တဲ့ ဂျီဂူ၊တက္ကသိုလ်ကတည်းက သူငယ်ချင်းတွေက အသက် သုံးဆယ်ကျော်တဲ့အထိ အမြဲတမ်း သောက်ဖော်သောက်ဖက်ဖြစ်ခဲ့တဲ့သူတို့နဲ့ရသစုံအစီအစဉ်ရဲ့ ပီဒီ ဂန်ဘုဂူတို့ တွဲမိတဲ့အခါမှာတော့….သူတို့ရဲ့သောက်နိုင်စွမ်းကို တစ်ပိုင်းပြီး တစ်ပိုင်း ဘယ်လိုတွေ ပြသသွားမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦး။Cast အနေနဲ့ကလည်း Lee Sun Bin, Han Sun Hwa, Jung Eun Ji နဲ့ ကျွန်မတို့ရဲ့ Super Junior Siwon တို့ပါဝင်သွားမှာပါ