ဂျယ်ဂျူကျွန်းပေါ်က ရွာလေးတစ်ရွာမှာ မွေးဖွားလာပြီး ကုန်ကားတစ်စီးနဲ့ ကျွန်းပေါ်ဈေးပတ်ရောင်းပြီး စီးပွားရှာတဲ့ လူရိုးကြီး ‘အီဒုံဆော့’ ကကျွန်းပေါ်ကို အခုမှပြောင်းရွှေ့လာတဲ့ Mystery ဆန်ဆန် ‘မင်ဆွန်းအာ’ ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီးတဲ့အခါမှာတော့…ဘာဆက်ဖြစ်ကြမလဲကျွန်းပေါ်မှာမွေး၊ ကျွန်းပေါ်မှာပဲကြီးတဲ့ ‘ချွဲဟန်ဆူ’ ကတော့ အကြာကြီးနေမှ မြို့သားကြီးလုံးလုံးအဖြစ်နဲ့ ဇာတိမြေကို ပြန်ရောက်လာပြီးငယ်ငယ်က အချစ်ဦးဖြစ်သူ ‘ဂျောင်အွန်ဟီး’ နဲ့ တစ်ဖန်ပြန်ဆုံတွေ့ခဲ့ပါတယ်။ သူ့ရဲ့အချစ်ဦးဖြစ်သူ ‘ဂျောင်အွန်ဟီး’ ကတော့ ကျွန်းပေါ်မှာငါးဆိုင်ဖွင့်ထားသူဖြစ်ပြီး ‘ဂိုမီရန်’ ဆိုတဲ့ မြို့ပြကြီးကို စိတ်ကုန်လို့ ကျွန်းပေါ်ပြန်ရောက်လာသူနဲ့ သူငယ်ချင်းဖြစ်လို့နေပါတယ်။ဒီ Trio ရဲ့ ပေါင်းစပ်မှုကတော့ စိတ်ဝင်စားစရာပါပဲ…နောက်မြင်တွေ့နိုင်တာကတော့ တစ်နှစ်ကျော်ကြာ ရေငုပ်သမ ဘဝနဲ့နေပြီး ကျွန်းပေါ်ကိုပြောင်းရွှေ့လာတဲ့ တက်ကြွတဲ့”အီယောင်အို့’ ဆိုတဲ့ကောင်မလေးနဲ့ သင်္ဘောကပ္ပတိန်တစ်ဦးဖြစ်ပြီး နွေးထွေးတဲ့နှလုံးသားပိုင်ရှင်ဖြစ်တဲ့ ‘ဘတ်ဂျောင်ဂျွန်း’ တို့ကြားက အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ကဲ..ဒီလောက်ဆိုလည်း ဇာတ်ရည်လည်ပြီမလို့ Sat, Sun တိုင်း CM ကနေစောင့်မျှော်ကြည့်ရှုဖို့ မမေ့ပါနဲ့နော်…