Mission Fan-Possible ภารกิจลับฉบับแฟนด้อม FHD

Mission Fan-Possible ภารกิจลับฉบับแฟนด้อม

Comedy FHD 2023-05-05 8.3

ဇာတ်လမ်းလေးကတော့ အောင်မြင်မှု အတော်အတန်ရနေတဲ့ Secret Dream ဆိုတဲ့အဖွဲ့ကအားလုံးရဲ့ရှေ့မှောက်ကို ၅ နှစ်ပြည့်နှစ်ပတ်လည်ပွဲရယ် concert ရယ်နဲ့ ပြန်ရောက်လာတဲ့အချိန်ပဲဖြစ်ပါတယ်။ကိုယ်အားပေးတဲ့အိုင်ဒေါအဖွဲ့ချင်းတူနေတဲ့အခါ fandom ထဲကသူတွေအချင်းချင်းရင်းနှီးတာကတော့ အဆန်းမဟုတ်ဘူးပေါ့။ဒီအတိုင်းပဲ Patty ဆိုတဲ့ကောင်မလေးမှာလည်း သူချစ်တဲ့ အဆိုတော် Nanai ကို သူ့လိုပဲချစ်ကြ အားပေးကြတဲ့အကြိုက်တူ အွန်လိုင်းသူငယ်ချင်း Lullabies (fandom name) လေးတွေရှိပါတယ်။ဒီလိုနဲ့ concert ကျင်းပမယ့်နေ့ကို ကြေညာလိုက်တော့ Patty တို့ အွန်လိုင်းသူငယ်ချင်းတွေconcert မှာ ပျော်ပျော်ကြီးဆုံကြဖို့ တိုင်ပင်ကြရင်း မထင်မှတ်တဲ့အကြောင်းအရင်းလေး ပေါ်လာပါတော့တယ်။သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ Ninja က ကင်ဆာနောက်ဆုံးအဆင့်နဲ့ဆေးရုံတက်နေရသူဖြစ်ပြီးconcert ကျင်းပမယ့်အချိန်အထိ အသက်ရှင်ဖို့မသေချာဘူးမို့ သူသိပ်တွေ့ချင်တဲ့ Nanai ရဲ့ concert ကို မသွားနိုင်တော့ပါဘူး။ဒါကိုသိသွားတဲ့သူငယ်ချင်းတွေက Ninja ကို သနားသွားကြပြီး Nanai နဲ့ Ninja ဆုံရအောင်မစ်ရှင်တွေအမျိုးမျိုးစီစဥ်ရာကနေ နောက်ဆုံးတော့ အိုင်ဒေါဖြစ်တဲ့ Nanai ကို ပြန်ပေးဆွဲဖို့ဖြစ်လာပါတော့တယ်။အပတ်စဥ် သောကြာ, စနေတိုင်းတင်ဆက်ပေးသွားမှာမို့ Patty တို့သူငယ်ချင်းအုပ်စုသူတို့သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာကို စောင့်မျှော်ကြည့်လိုက်ရအောင်နော်။