ယောကျာ်းတွေမကောင်းတဲ့ကားယောကျာ်းတွေက မိန်းမတွေကိုအနိုင်ကျင့်တဲ့ကားအမျိုးသမီးအခွင့်အရေးတန်းတူရရေးဘာညာကားတွေကြည့်ရလို့ ရိုးနေပါပြီလားကမ္ဘာဦးအစကနေ ယနေ့အထိ သင်တို့ဒူးတုန်အောင်ကြောက်ရတဲ့နံရိုးတစ်ဖက် ချစ်သူလေးများအကြောင်းကို အမှန်အတိုင်းဖော်ထုတ်တင်ဆက်ပေးမဲ့imdb rating 8.1 ထိ အလန်းစားရရှိထားတဲ့ အိန္ဒိယစီးရီးလေးလာပါပြီဇာတ်လမ်းနာမည်က စကြည့်လိုက်ပါsave the tiger ကျားများကိုကယ်တင်ပါတဲ့ဟုတ်ပါတယ် ဒီထဲကယောကျာ်းတွေအကုန်မိန်းမကြောက်ရပါတယ်ဇာတ်လမ်းအစမှာတည်းက မူးပြီးမောင်းလို့ ရဲဖမ်းခံထိကားသိမ်းခံရတာကို မိန်းမနာမည်နဲ့ကားဖြစ်နေလို့တရားရုံးကို မိန်းမမခေါ်ရဲလို့ရဲမှူးကို သွားတောင်းပန်တာက စပါတယ်သူတို့ကိုလှိမ့်ပိတ်ဟောက်နေတဲ့ ဆရာရဲမှူးကလည်းဖုန်းထဲမှာ မိန်းမဟောက်တာခံနေရတာပါအဲ့တော့မှ ဘဝတူချင်း အတွေ့အကြုံတွေဖလှယ်ကျရင်းအခွီ မယကဇာတ်လမ်းလေးပေါ်လာပါတော့တယ်ဟာသဇာတ်လမ်းဆိုပေမဲ့ ပေါဟာသတွေ အောက်လုံးတွေမပါကျားမအခွင့်အရေး အိမ်ထောင်ရေးParenting စတာတွေကို ရှုထောင့်တစ်ခုကနေရိုက်ပြထားတာမို့ပျော်ပျော်ရွှင်ရွှင်နဲ့ ခံစားနိုင်မယ့် ဘဝအမောပြေဇာတ်လမ်းလေးမို့CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်