Oh! Youngsim 오! 영심이 FHD

Oh! Youngsim 오! 영심이

Comedy FHD 2023-05-15 6

အိုယောင်းရှင်းဆိုတဲ့ ကောင်မလေးက ရသစုံရှိုးပီဒီတစ်ယောက်ဖြစ်ပေမယ့် လုပ်သမျှရှိုးတိုင်း ကြည့်ရှုသူနည်းပါးလွန်းလို့ ဖျက်သိမ်းခံနေရတဲ့သူတစ်ယောက်ပါ။အလုပ်ပြုတ်ခါနီးနီးမှာ ရေတိုပရိုဂရမ်လေးတစ်ခုရလာတာကြောင့် နောက်ဆုံးအခွင့်အရေးအနေနဲ့ အဲဒီအစီအစဉ်အောင်မြင်ဖို့အတွက် သေသေကြေကြေကြိုးစားရတော့မယ့်အခြေအနေပါ။အဲဒီအစီစဉ်အတွက် စွန့်ဦးတည်ထွင်ရေးသမားMark Wang ကို ဖိတ်ခေါ်လိုက်ပေမယ့်တကယ်တော့ ဒီလူက ငယ်ငယ်က သူ့ကိုတစ်ဖက်သတ်ကြိတ်ချစ်နေခဲ့တဲ့ ဝမ်ဂယောင်းထယ်ဆိုတဲ့ ကောင်လေးဖြစ်နေပါတော့တယ်။ဒီလိုသူတို့၂ယောက်ဆက်ဆံရေးကြားမှာ သူမရဲ့အချစ်ရေးပရိုဂရမ်လေးကရော အောင်မြင်သွားမလား….သူမကို သဘောကျမိနေတဲ့ဂျူနီယာလေး အီချယ်ဒုံတစ်ယောက်ရော ကံကောင်းနိုင်ပါ့မလားဆိုတာကိုတော့အပတ်စဉ် တနင်္လာနေ့နဲ့အင်္ဂါနေ့တိုင်း စောင့်မျှော်အားပေးရင်း ကြည့်ရှုနိုင်ပါတယ်။စုစုပေါင်း ၁၀ ပိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။