အထက်တန်းကျောင်းနဲ့ သရဲဇာတ်လမ်းဆိုတာက ဘယ်လိုမှခွဲခြားလို့မရတဲ့ အရာတစ်ခုလိုပါပဲ။ အထက်တန်းကျောင်းတိုင်းမှာ ဇာတ်လမ်းတစ်ပုဒ်ဆိုတာရှိကြတာပါပဲ။ တကယ်ရှိလား မရှိဘူးဆိုတာတော့ ကျွန်တော်တို့တွေ မသိနိုင်တဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ သရဲဇာတ်လမ်းတွေ နားထောင်ပြီးတော့ ကြောက်ခဲ့ကြတာပေါ့။အခု Paramount+ ကနေ ထွက်လာတဲ့ School Spirits ဆိုတဲ့ ဇာတ်လမ်းတွဲဟာဆိုရင်လည်း အဲလိုမျိုးပါပဲ။ သေဆုံးသွားပြီဖြစ်တဲ့ အထက်တန်းကျောင်းသားတွေဟာ ကျောင်းကနေ မထွက်နိုင်ဘဲ သောင်တင်နေကြတာမျိုးကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဒါပေမယ့် Horror ပုံစံမျိုးဆိုတာထက် Mystery, Crime Solving ပုံစံမျိုးပါ။ RottenTomatoes 81%,MDb Rating 7.6 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းသူလေး မက်ဒီဟာအသတ်ခံလိုက်ရပြီး ကျောင်းမှာ ဝိညာဉ်အဖြစ် သောင်တင်နေပါတော့တယ်။သူ့ကို ဘယ်သူက သတ်သွားတယ် ဘယ်လို သေသွားတယ်ဆိုတာကိုတော့မမှတ်မိဘဲဖြစ်နေပါတယ်။ ဒါကြောင့် မက်ဒီလည်း ဝိညာဉ်ဘဝနဲ့ လိုက်စုံစမ်းဖို့အကြောင်းဖန်လာပါတော့တယ်။ စုစုပေါင်း(၈)ပိုင်းပါဝင်ပြီး တပြိုင်တည်းတင်ဆက်ပေးလိုက်ပါတယ်။