Dr. Romantic 낭만닥터 김사부 FHD

Dr. Romantic 낭만닥터 김사부

Drama FHD 2023-11-23 8

ဒီဇာတ်လမ်းတွဲကို အစတုန်းက ကားနာမည် Dr. Romantic ဆျာဝန်တွေက နင်းကန်ရိုပြီး ချစ်ပြနေတဲ့စီးရီးလို့တလွဲယူဆပြီး မကြည့်ခဲ့မိတာပါ…တကယ်တော့ Romantic ဆိုတာ လူနာတွေနဲ့ ခွဲခန်းတွေမှာ ကျွမ်းကျင်တဲ့အကပညာရှင်တစ်ယောက်လို ဆရာဝန်တွေဟာ ကိုင်တွယ်ဖြေရှင်းတာလို့ ဆိုလိုချင်ပုံရပါတယ်…ဒီစီးရီးရဲ့ကောင်းချက်တွေက ပြောလို့ကို ကုန်မှာမဟုတ်ဆို လွန်ရာကျပါလိမ့်မယ်…ကြည့်ဖူးတဲ့သူတွေသိပါတယ်…လူနာတစ်ယောက်အသက်ရှင်ဖို့ ဟိုးအောက်ခြေဝန်ထမ်းကစလို့ အမြင့်ဆုံးဆရာဝန်တွေအထိတာဝန်ယူရတဲ့အပိုင်းတိုင်းအရေးကြီးတာကို ပြထားသလို ခွဲခန်းတွေကလည်း နယ်မြို့လေးမှာ အထောက်အပံနည်းနည်းနဲ့တတ်မြောက်ထားတဲ့ပညာတွေနဲ့ လက်ရှိအခြေအနေပေါ်မူတည်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ကုသရတဲ့အပိုင်းတွေကလည်း တကယ့်ကိုသဲထိတ်ရင်ဖိုပဲ….ဇာတ်လမ်း ဇာတ်အိမ်ကောင်းသလို အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Han Seok Kyu ,Yoo Yeon Seok နဲ့Seo Hyun Jin တို့ကလည်း တကယ့်အမိုက်စားပါပဲ…ဗီလိန်ဆန်ဆန် ဇာတ်ကောင်တွေလည်းထည့်ထားသလို Medical Drama ဆိုပေမဲ့Adventure  Vibes ကို အပြည့်အဝရနေတဲ့စီးရီးဆိုရင်လည်းမမှားပါဘူး…အထူးသဖြင့် ဆရာကင်အဖြစ်သရုပ်ဆောင်တဲ့ Han Seok Kyu ရဲ့ ခပ်ဆိုးဆိုးပြောပေါက်တွေကလည်းဒီဇာတ်လမ်းရဲ့အသားပါပဲ…Hospital  Playlist ထဲက သူတော်စင်လူရိုးလေးကတော့ ဒီဇာတ်လမ်းတွဲထဲမှာဂျစ်ကန်ကန် လက်သွက်ခြေသွက်ကောင်ဆိုးလေးပေါ့…ဇာတ်လမ်းကိုတော့ ထွေထွေထူးထူးမပြောတော့ပါဘူး…ကျားရော မရော ကြိုက်မယ်လို့အာမခံသလိုEnglish စီးရီးတွေမှာ ရင်ထဲထိတဲ့သူတွေတောင် ဒီဇာတ်လမ်းတွဲကိုလုံးဝကြိုက်သွားမယ်လို့အာမခံပါတယ်…အပိုင်း (၂၀)ထိရှိပြီး ကျန်အပိုင်းများကို တစ်ပတ် (၂)ပိုင်းတင်ပေးသွားပါ့မယ်…