ဂရေးဘောင်းမိသားစုကြီးဟာ နယူးယောက်မြို့တော်ရဲ့အစဉ်အလာကြီးမားတဲ့အထက်တန်းလွှာမိသားစုတစ်စုဖြစ်ပါတယ်။ လူကုံထံတို့ထုံးစံ လူသိမခံချင်တဲ့အတိတ်တွေ၊ မိသားစုဝင်ချင်းအားပြိုင်မှုတွေ၊ အမုန်းအငြိုးအာဃာတတွေနဲ့ သပွတ်အူလိုက်နေတဲ့ မိသားစုတစ်ခုပါပဲ။နောက်တစ်ခုရှိတာကတော့ သူတို့ရဲ့အဆောက်အအုံကြီးဟာလျှို့ဝှက်ဆန်းကြယ်တဲ့ သေဆုံးမှုအမျိုးမျိုးဖြစ်ပေါ်လေ့ရှိတဲ့အတွက်လည်းနာမည်ကြီးပါတယ်။ ဒီလိုသေဆုံးမှုတွေနဲ့အတူတစ္ဆေခြောက်တဲ့ ကောလဟာလတွေကလည်းရှိပါသေးတယ်။အဲ့ဒီလို နေရာမျိုးကိုမှ ကလေးထိန်းအဖြစ်အလုပ်ဝင်လျှောက်ပြီးပြောင်းလာခဲ့တဲ့သူက အယ်လီနာဆိုတဲ့ မိန်းမချောလေးပါပဲ။အယ်လီနာဟာ သူတို့ရဲ့အစေခံတန်းလျားသဘော အပေါ်ဆုံးထပ်စတိုခန်းတွေမှာနေရာရတယ်။လေ့လာစပ်စုရင်း အဆောက်အအုံထဲမှာနဂိုရောက်နှင့်နေတဲ့ ရွယ်တူတစ်ချို့နဲ့မိတ်ဆွေဖြစ်ခဲ့တယ်။ဒါပေမယ့် လူလစ်ရင်လစ်သလို ကျီးကန်းတောင်းမှောက်မျက်လုံးတွေနဲ့ ချောင်းမြောင်းနေတတ်တဲ့ အယ်လီနာမှာ လျှို့ဝှက်အကြံအစည်ကြီးတစ်ခုရှိနေပါသေးတယ်။ဒီလိုနဲ့ သူနဲ့မိတ်ဆွေဖွဲ့ခဲ့တဲ့ လူတစ်စုကြားကတစ်ဦးဟာ သက်ရှိထင်ရှားလူမဟုတ်ပဲ ပရလောကသားတစ်ယောက်ဖြစ်နေတယ်ဆိုတာ သိလိုက်ရတဲ့နောက်တော့ ဒီအဆောက်အအုံကြီးနဲ့သူ့ဆီမှာ နေထိုင်သူတွေရဲ့ လျှို့ဝှက်ချက်တွေဟာ တစ်ရစ်ချင်းပြေကျလာပါတော့တယ်။ ဒါဆိုရင် အယ်လီနာရဲ့အကြံအစည်အောင်မြင်နိုင်မလား၊ ဘယ်သူတွေက သူ့အတွက် ရန်သူဖြစ်ပြီး ဘယ်သူတွေက မိတ်ဆွေဖြစ်နေမလဲ၊ အဆောက်အအုံကြီးမှာဖြစ်ပေါ်ခဲ့တဲ့ဆန်းကြယ်တဲ့သေဆုံးမှုတွေရဲ့ တရားခံဟာ ဘယ်သူလဲ? စသည်ဖြင့်Drama, Mystery thriller ဆိုတဲ့အတိုင်း သိချင်စိတ်ကိုနိူးဆွဆွဲခေါ်သွားမယ့် ဇာတ်လမ်းဇာတ်အိမ်အချိုးအကွေ့တွေနဲ့ အသည်းတအေးအေး ရင်တဖိုဖိုကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။