သင်္ချာကိုချစ်မြတ်နိုးတဲ့ ဆရာမနဲ့ကျောင်းသားလေးတို့ကြားက ရိုမန့်တစ် ဆန်ဆန် အချစ်ဇာတ်လမ်းလေးလာပါပြီ မနဲ့မောင် ဇာတ်လမ်းလေးဆိုတော့ ပိုတောင်ရင်ဖိုဖို့ကောင်းသေး Pirvate အထက်တန်းကျောင်းတစ်ခုမှာ သင်္ချာဆရာမ အဖြစ်အလုပ်ဝင်နေတဲ့ Ji Yoon Su ဟာ စိတ်ထားကောင်းမွန်ပြီး သင်္ချာပညာရပ်ကို အလွန်ကိုစိတ်ဝင်စားတဲ့ သူတစ်ဦးဖြစ်ပါတယ် ကျောင်းသားတွေကိုလည်း အမြဲမေးခွန်းမေးရတာ ကြိုက်ပြီး စိတ်ပိုင်းဖြတ်လိုက်ပြီဆို ဘာမဆိုဖြစ်အောင်လုပ်တဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတစ်ဦးပေါ့ အဲလိုအမျိုးသမီးလေးက သူ့လိုပဲ သင်္ချာကိုစိတ်ဝင်စားပြီး ထူးချွန်တဲ့ ကျောင်းသားလေးတစ်ဦးအပေါ် စိတ်ယိုင်သွားတဲ့အခါမှာတော့…