အထက်တန်းကျောင်းက ဓာတုဗေဒ ဆရာတစ်ယောက် ရှိပါတယ်။ သူဟာ ရိုးသားတဲ့ ကျောင်းဆရာတစ်ယောက်ပါ။ သူ့မှာ ခွဲစိတ်ကုသလို့မရတဲ့ အဆုတ်ကင်ဆာရောဂါ ရှိနေမှန်းကို သိရှိခဲ့ရပါတယ် သူ့မိသားစုရဲ့ရှေ့ရေးအတွက် ဘယ်လိုစီမံရမယ် ဆိုတာကနေစပြီး ဒီဇာတ်လမ်း စပါတယ်။ ဓာတုဗေဒကျွမ်းကျင်တဲ့ ဆရာတစ်ယောက်အနေနဲ့ Methamphetamine ဘယ်လိုထုတ်ရမယ်ဆိုတာကို သိပါတယ်။ ဈေးကွက်ကို ရှာဖို့တော့ ဈေးကွက်ကျွမ်းကျင်တစ်ယောက် လိုအပ်ပါတယ်။ နှစ်ယောက်တွေ့ဆုံမိတဲ့အခါမှာတော့ နှစ်ယောက်ပေါင်း လောင်းကျော် ဖြစ်ကြပါတော့တယ်။ ပညာတတ်တစ်ယောက် ဆိုးတဲ့မိုက်တဲ့အချိန်ကျရင် သူမတူအောင် မိုက်ပါတော့တယ်။ ကမ်းကုန်အောင် မိုက်ပါတော့တယ်။ နာမည်ကြီးပြီးသားဇာတ်လမ်းဆိုတော့ ဒီလောက်ပဲ ညွှန်းပါတော့မယ်။