လက်မထပ်ရသေးခင်မှာ မတော်တဆ ကိုယ်၀န်ရသွားပေမဲ့ ချစ်သူရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရတာမို့ တစ်ကိုယ်တော်အမေအနေနဲ့ပဲ ကလေးကိုမွေးရတော့မလိုဖြစ်နေတဲ့ ‘ကိုးရီးယားဘာသာရပ် နည်းပြဆရာမလေး အိုယွန်းဒူ’ …တစ်ဖက်မှာလည်း အိမ်ထောင်မပြုချင်သူဖြစ်ပေမဲ့ သူ့အိမ်က အတင်းပေးစားတဲ့ အတွင်းရေးမှူးမလေးနဲ့ ယူရတော့မလိုဖြစ်နေတဲ့‘သားဖွားမီးယပ်အထူးကုဆရာ၀န်လေး ဂုံထယ်ဂယောင်း’ …ကြံရာမရတဲ့အဆုံး ယွန်းဒူနဲ့ ထယ်ဂယောင်းတို့ဟာ မကြာခင် လက်ထပ်ကြတော့မဲ့ စုံတွဲအဖြစ် ဟန်ဆောင်နေဖို့သဘောတူညီချက်ထားလိုက်ကြပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ ယွန်းဒူနဲ့ ထယ်ဂယောင်းတို့ အဆုံးအထိ နှစ်ဖက်မိသားစုအပေါ် လိမ်ညာထားနိုင်မလား?စာချုပ်စုံတွဲအဖြစ်ကနေ တကယ့်စုံတွဲအဖြစ် အဆင့်တက်သွားမလား? ဆိုတာကိုတော့ …