Jina (Lim Ji Yeon) က ဟိုတယ်တစ်ခုမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်တဲ့ပုံမှန်မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ သူများအမြင်မှာတော့ အကုန်ကောင်းတယ်လိုထင်ရပေမဲ့ သူ့ရဲ့ အတွင်းစိတ်မှာ သိမ်ငယ်စိုးရိမ်စိတ်တွေပြည့်နေတယ်။ အဲလိုနေလာရင်း သူမရဲ့ အစ်မဖြစ်သူ Ji-Hyun ပျောက်ဆုံးနေကြောင်းသိလိုက်ရတယ်။ သူ့အစ်မကို ရှာဖွေဖို့ မိဘတွေနေတဲ့ နှင်းဆီစံအိမ်တိုက်ခန်းကိုသွားခဲ့တယ်။အဲ့နေရာမှာ မမျှော်လင့်ထားတဲ့အရာတွေ ကြုံလာရတယ်။ အဲ့နေရာမှာပေါ်ပေါက်လာတဲ့ ကြောက်စရာအမှန်တရားတွေကို ဘယ်သူမှ မယုံကြပေမဲ့စုံထောက် Min-Soo (Yoon Gyun-Sang) တစ်ယောက်ကသာ ယုံကြည်ပြီးသူ့ကိုကူညီစုံစမ်းပေးတာပေါ့။ အမှုတစ်ခုကို အဆုံးမသတ်နိုင်မချင်း စိတ်မအေးတတ်တဲ့ ခေါင်းမာတဲ့ စုံထောက်အနေနဲ့ Jihyun ရဲ့ ပျောက်ဆုံးမှုအပေါ် Jinaနဲ့အတူ အစွမ်းကုန်ကြိုးစားတယ်။ သန်မာပြီးယုံကြည်အားကိုးရပေမဲ့ သူ့မှာလည်းသူများမသိနိုင်တဲ့ လျှိဝှက်ချက်တွေရှိနေပြန်တယ်။အစ်မတစ်ယောက်ပျောက်ဆုံးမှုအပေါ်မူတည်ပြီးပေါ်ပေါက်လာမယ့် ကြောက်စရာအမှန်တရားတွေ၊ ဟန်ဆောင်မှုတွေ၊ လက်တွေ့ကျကျမြင်ရမယ့် လူ့သဘောသဘာဝတွေ၊ သံသယဝင်စရာတွေအပြည့်နဲ့ကြည့်ရမယ့် ဒီလျှိဝှက်သည်းထိပ်ရင်ဖိုဇာတ်လမ်းတွဲ