Netflix series ဖြစ်တာနဲ့အညီ ဆက်တင်အလန်း ရိုက်ချက်အလန်းအက်ရှင်ခန်းအလန်းတွေအပြင်အသုံးအနှုန်းတချို့ဇာတ်ကွက်တွေကလဲဆယ့်ရှစ်အပေါင်းမက နှစ်ဆယ့်တစ်အပေါင်းနီးပါးမို့မိသားစုနဲ့အတူမကြည့်ရှုသင့်ကြောင်းတော့ ကြိုတင်သတိပေးလိုက်ပါရစေ။ ရာနာနိုင်ဒူဆိုတာ ဆယ်လီတွေလောကမှာ ပြသနာမှန်သမျှ ဖြေရှင်းပေးနိုင်တဲ့ ဆရာကြီးပါအတွင်းရေးတွေလူသိမခံချင်ဘူးလားရွှေကြာတွေခေါ်ပျော်ပါးတာ လူမိသွားလို့တိုင်ပတ်နေတာလားမယားငယ်ထားပြီးတိုင်ပတ်နေလားရာနာဆီဖုန်းတစ်ချက်ဆက်လိုက်ရုံပါပဲ..အချိန်မရွေးပေါ့ ၂၄ နာရီ ဝန်ဆောင်မှုပါ…..သူ့မှာ ညီတစ်ယောက်အကိုတစ်ယောက်ရှိပါသေးတယ်သူတို့ညီအကိုသုံးဖော်ရဲ့အဖေက အခုမှထောင်ကလွတ်လာတာပါရာနာကသူ့အဖေဆိုမျက်နှာချင်းတောင်မဆိုင်ချင်လောက်အောင် မုန်းတာပါအဲဒီတော့ သူ့အဖေထောင်ကထွက်လာတဲ့အခါမှာ ဆရာကောင်ရာနာနဲ့ ဘာပြသနာတွေတက်မလဲ သူ့အဖေကရောဘာလို့ထောင်ကျသွားတာလဲ အရင်ကရော ဘာတွေဖြစ်ခဲ့လဲခုလဲဘာဆက်ဖြစ်မလဲဆိုတာ တစ်ဝကြီးကြည့်ရှုရမဲ့ အဖေနဲ့သားများ ဂန်းစတားအထာဇာတ်လမ်းလေး ဖြစ်ပါတယ်