Forensic Anthropologist တစ်ယောက်ဖြစ်တဲ့အပြင် ပိုးမွှားဗေဒနဲ့ပတ်သက်တဲ့နာမည်ကြီးစာတွေပါ ရေးထားတဲ့ မှုခင်းဆေးလောကမှာ အတော်ကိုနာမည်ကြီးသူဖြစ်တဲ့ ဒေါက်တာဒေးဗစ်ဟန်တာ ဖြစ်ရပ်ဆိုးတစ်ခုနဲ့ ဇနီးဖြစ်သူနဲ့ပါ ခွဲခွာလိုက်ရတာကြောင့် သူ့ရဲ့ဒိတ်ဒိတ်ကြဲမှုခင်းဆရာဝန်ဘဝကိုစွန့်လွှတ်ရင်းနဲ့ မန်ဟမ်ဆိုတဲ့ရွာလေးမှာ ကျေးရွာဆရာဝန်လေးအဖြစ် ဇာတ်မြှုပ်နေထိုင်ဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ အသက် ၁၀၀ မနေရပေမဲ့ အမှု ၁၀၀ တွေ့ရတတ်တဲ့လောကကြီးမှာ ဒေးဗစ်တစ်ယောက် အမှုတွေရှောင်ရှားဖို့ တောရွာလေးမှာ ဇာတ်မြှုပ်နေပေမဲ့ အမှုကသူ့နောက်လိုက်လာတဲ့အလား တိုက်တိုက်ဆိုင်ဆိုင် ဒီမြို့လေးမှာ အလောင်းတစ်လောင်းတွေ့ရတဲ့အခါ…. တစ်ချိန်ကအေးချမ်းပြီး လူသူနည်းတဲ့ဒီမြို့လေးမှာ ရုတ်တရက်ပေါ်လာတဲ့အလောင်းက ဘယ်သူဖြစ်မလဲ။ လူနည်းတဲ့မြို့ပီပီ လူတွေအားလုံး အကြောင်းသိဖြစ်နေတဲ့ကြားက လူသတ်သမားသိုးမည်းလေးက ဘယ်သူဖြစ်မလဲ။