Divorce Attorney Shin 신성한, 이혼 FHD

Divorce Attorney Shin 신성한, 이혼

Drama FHD 2023-03-04 5

ဂျာမနီနိုင်ငံက ဂီတတက္ကသိုလ်တစ်ခုမှာ ပီယာနိုအထူးပြု professor တစ်ယောက်အနေနဲ့ နေထိုင်နေတဲ့ ရှင်းဆောင်းဟိုဟာ တစ်နေ့မှာ ရုတ်တရက်ကြီး ဂီတပညာရှင်အလုပ်ကိုစွန့်လွှတ်ပြီး ကိုရီးယားကိုအပြီးပြန်လာခဲ့ပါတယ်။ အဲဒီနောက် သူဟာ ပီယာနိုပညာရှင်ကနေ တရားဥပဒေရှေ့နေတစ်ယောက်ဖြစ်လာအောင်ကြိုးစားခဲ့ပြီး အိမ်ထောင်ရေး၊ ကွာရှင်းမှုအမှုအခင်းတွေကိုသာ သီးသန့်ကိုင်တွယ်ဖြေရှင်းပြီး အမှုသည်တွေဘက်ကနေ ရပ်တည်ကူညီပေးခဲ့ပါတယ်။ တကယ်တော့ ကိုရီးယားကိုရုတ်တရက်ကြီးသူပြန်လာခဲ့တာဟာ အကြောင်းရင်းတစ်ခုကြောင့်ဖြစ်ပြီး သူ့ရဲ့ ကလေးဘဝစိတ်ဒဏ်ရာကြောင့် ကွာရှင်းမှုတွေကိုပဲ သီးသန့်အမှုလိုက်ခဲ့တဲ့ ရှင်းဆောင်းဟိုဟာ သူ သိချင်တဲ့အမှန်တရားအတွက် အဖြေရှာရင်း အမှုတွေကိုရော ဘယ်လိုကိုင်တွယ်သွားမလဲ…. သူရှာဖွေနေတဲ့အမှန်တရားကရော ဘာလဲဆိုတာ …