အသက် 30ကျော်လာပြီဆိုပေမယ့် အချစ်စစ်ရယ်လို့မရရှိခဲ့ဖူးတဲ့ နွေးထွေးကြင်နာတဲ့နှလုံးသားပိုင်ရှင်ယွန်းဂျင်အာ ~ အရာရာပြီးပြည့်စုံပြီး ပျော်ရွှင်နေတယ်လို့ထင်ရပေမယ့် အထီးကျန်ခြင်းတွေနဲ့ပြည့်နှက်နေတဲ့ သူ့ဘဝထဲကို ဂျွန်ဟီးဆိုတဲ့ ကောင်ကလေးရောက်ရှိလာတဲ့အခါ … မြင်သူငေး ရွှေရင်အေးလေးလို့ ပြောရမယ့် ဂျွန်ဟီးကတော့ အပြုံးချိုချိုနဲ့ နိုင်ငံခြားပြန် ဂိမ်းဒီဇိုင်းနာအဖြစ်လုပ်ကိုင်နေတဲ့ကောင်လေးဖြစ်ပါတယ် ။ အစ်မဖြစ်သူရဲ့ သူငယ်ချင်းဖြစ်တဲ့ ယွန်းဂျင်အာအတွက် မောင်လေးတစ်ယောက်လိုဖြစ်နေတဲ့ ဂျွန်ဟီး~ ရင်းနှီးမှုသံယောဇဉ်တွေ အရောင်ပြောင်းလဲသွားရာကနေ လှပတဲ့အချစ်သံစဉ်တေးသွားလေးတစ်ပုဒ်ဖြစ်လာမယ့် Something In The Rain