Season 4 မှာတော့ 112 call center စင်တာမှူးကြီး Kang Kwon Jo ဟာ Season 1,2,3မှာ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် trauma ရသွားကာ psychopath တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး လူတွေကို လိုက်သတ်နေတာလား … ဒါမှမဟုတ် အမြွှာလို ရုပ်ချင်းတူတဲ့ သူတစ်ယောက်ကများ စင်တာမှူးလိုဟန်ဆောင်ပြီး လိုက်သတ်နေတာလားဆိုတာကိုဖော်ထုတ်ရမှာပါ။ မင်းသားနေရာမှာတော့ LA ကပြောင်းလာတဲ့ စုံထောက် Derek Jo (ဂျွန်စော)ပါ၀င်လာပြီးတော့ ကွင်းဆက်လူသတ်သမားအမှုနဲ့ အမှုများစွာကို ထပ်မံဖော်ထုတ်ဦးမှာ ဖြစ်ပါတယ်။ အညွှန်းအများကြီးမရေးသင့်တဲ့စီးရီးမို့ ကိုယ်တိုင်ပဲ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုကြပါကုန်…