Blossom in Darkness FHD

Blossom in Darkness

Drama FHD 2026

အပိုင်း ၆ , ၇ ဒီတစ်ခါအလှည့်ကျလာတာကတော့ အားလုံးကြိုက်တဲ့ Wuxia Fantasy ဇာတ်ကားလေးပါ။ ဒီကားလေးက မိစ္ဆာကြီးတစ်ပါးနဲ့ နတ်ဆေးပင်ဝိဉာဉ်လေးတို့ကြားကချစ်မေတ္တာကို ဖော်ကြူးထားတဲ့ဇာတ်အိမ်လေးပါ။ ဒီကားထဲမှာ ကိုကို Li Hong Yi နဲ့ မမလှလှလေး Sun Zhen Ni တို့က ကမ်မီရော ရူပမိမိပါ သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်က လူသားတွေနဲ့နတ်ဘုရားတွေကို သတ်ဖြတ်ခဲ့တဲ့အပြင် မိစ္ဆာအသိစိတ်သာထုံမွှန်းနေတဲ့ မိစ္ဆာကြီးချီဖုန်းယင်ဟာ စိတ်မိစ္ဆာတောင်တန်းအကာရံထဲမှာ ပိတ်လှောင်ချုပ်နှောင်ခံထားရပါတယ်။ တစ်ဖက်မှာတော့ ရှားပါးဆေးပင်ကနေ လူအသွင်ပြောင်းလဲလာတဲ့ဆေးနတ်သမီးလေး ယာမောင်ဟာ ထူးခြားဆန်းကြယ်တဲ့ခန္ဓာကိုယ်အစွမ်းသတ္တိကြောင့် လူအမျိုးမျိုးရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံနေရရှာပါတယ်။တစ်နေ့မှာတော့ ထွက်ပြေးရင်းနဲ့ ယာမောင်တစ်ယောက် မိစ္ဆာကြီး ပိတ်လှောင်ခံထားရတဲ့အကာအရံထဲကို မထင်မှတ်ဘဲဝင်မိသွားခဲ့ပါတယ်။ အဲလိုဝင်ရောက်မှုကြောင့် ချီဖုန်းယင်ရဲ့လူသားကိုယ်ထည်ဖန်တီးမှုဟာ မအောင်မြင်ဘဲ ပျက်စီးသွားခဲ့သလို သူ့ရဲ့မိစ္ဆာအသိစိတ်တွေပါ လွင့်စဉ်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ အဲဒီအချိန်ကစလို့ မတူညီတဲ့ကမ္ဘာနှစ်ခုက သူတို့နှစ်ဦးကြားမှာ ဖြတ်တောက်လို့မရတဲ့သံယောဇဉ်ကြိုးလေး စတင်ချည်နှောင်မိသွားပြီး ဆန်းကြယ်လှတဲ့ဖြစ်ရပ်ပေါင်းစုံကို အတူတကွဖြတ်သန်းရင်ဆိုင်ကြပါတော့တယ်။ အမှောင်ထုထဲမှာ ပိတ်လှောင်ခံထားရတဲ့မိစ္ဆာကြီးရဲ့နှလုံးသားကို နူးညံ့သိမ်မွေ့တဲ့ဆေးနတ်သမီးလေးက ဘယ်လိုမျိုးအလင်းရောင်ပေးပြီး ကုစားပေးသွားမလဲဆိုတာ ရင်ခုန်စွာစောင့်ကြည့်ရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ