Sword & Silence FHD

Sword & Silence

ကိုရီးယားသမိုင်းမှာ အရေးအပါဆုံး "သုံးပြည်ထောင် ပေါင်းစည်းရေး" သမိုင်းကြောင်းကို ခမ်းခမ်းနားနား ရိုက်ကူးတင်ဆက်ထားတဲ့ War & Historical Action စီးရီးသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ The Queen Who Crowns မှာ ပါဝင်ခဲ့တဲ့ မင်းသား Lee Hyun-wook၊ Voice စီးရီးထဲက မင်းသားကြီး Jang Hyuk၊ The Item ထဲက မင်းသားကြီး Kim Kang Woo၊ ပရိသတ်တိုင်း ရင်းနှီးတဲ့ မင်းသားကြီး Park Sung Woong တို့ အဓိက ပါဝင်ထားပြီ တခြားဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ အေဒီ ၇ ရာစုနှောင်းပိုင်း.. ဂိုဂူလျော၊ ရှီလာ၊ ဘဲ့ဂျယ်နဲ့ ထန်မင်းဆက်တို့ အင်ပါယာကြီး ၄ ခု နယ်မြေစိုးမိုးရေးနဲ့ အာဏာအသာစီးရရေးအတွက် အကြိတ်အနယ် တိုက်ခိုက်ခဲ့ကြတဲ့ စစ်ပွဲကြီးတွေ၊ နိုင်ငံရေး စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကာလကို ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။ ဒီလို ပဋိပက္ခတွေရဲ့ အလယ်ဗဟိုမှာ ရှိနေသူကတော့ အမြော်အမြင်ကြီးမားတဲ့ မင်းသား ဂင်ဘော့မင်ပဲ ဖြစ်ပါတယ်။ သူဟာ နောက်ပိုင်းမှာ ရှီလာဘုရင် မွန်မူ ဖြစ်လာမယ့်သူဖြစ်ပြီး ကွဲပြားနေတဲ့ ကိုရီးယားကျွန်းဆွယ်ကို ပေါင်းစည်းရေးအတွက် အရေးပါတဲ့ တာဝန်ကြီးကို ထမ်းဆောင်ရမဲ့သူပါ...။ ဖခင်ဖြစ်သူ ဂင်ချွန်းချူ (နောင်တွင် ထယ်ဂျုံး မူယောဘုရင် ဖြစ်လာသူ) ရဲ့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေနဲ့ စစ်သူကြီး ဂင်ယူရှင်းရဲ့ စစ်ရေးကျွမ်းကျင်မှုတွေကို အားပြုရင်း မင်းသားဘော့မင်ဟာ နိုင်ငံရေးလှည့်ကွက်တွေ၊ သစ္စာဖောက်မှုတွေနဲ့ ပြင်းထန်လွန်းတဲ့ စစ်ပွဲတွေကြားမှာ ကိုယ့်လူမျိုးရဲ့ ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်သွားရမှာပါ...။ နောက်ဆုံးမှာတော့ ရှီလာရဲ့ အောင်ပွဲနဲ့အတူ အင်အားကြီးမားတဲ့ ထန်မင်းဆက်ကို ရင်ဆိုင်ရမဲ့ အဆုံးအဖြတ်တိုက်ပွဲကြီးတွေအထိ ရောက်ရှိလာမှာဖြစ်လို့ စစ်ရေး၊ နိုင်ငံရေးနဲ့ သမိုင်းနောက်ခံဇာတ်လမ်းတွေကို စိတ်ဝင်စားသူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲနော်...။

အပိုင်းများ

Season 1