Doctor X: Mafia in White FHD

Doctor X: Mafia in White

အပိုင်း ၁မှ၁၂ စ/ဆုံး Gye Su Jeong ( Kim Jiwon )ဟာ "ငါက ဘယ်​တော့မှ မကျရှုံးဘူး" ဆိုတဲ့စကားကို လက်ဝယ်ထားထားတဲ့ ထူးချွန်ထက်မြက်တဲ့ ဆရာဝန်တစ်ဦးပါ။ Jang Hui Suk ( Lee Jungeun )ရဲ့ ဆရာဝန်အလုပ်အကိုင်ချိတ်ဆက်​ပေးတဲ့ ​အေဂျင်စီက​နေ တစ်ဆင့် Gye Su Jeong ဟာ ဂူ​​​ဆောတက္ကသိုလ်​ဆေးရုံရဲ့ လစ်လပ်​နေတဲ့ ခွဲစိတ်ဆရာဝန်ရာထူး​နေရာကို ဝင်​ရောက်လာခဲ့တယ်။ သူ့ရဲ့ ထူးချွန်လှတဲ့ အရည်အချင်း​​​​တွေကို သက်​သေပြရင်း ​ဂူ​ဆောတက္ကသိုလ်​ဆေးရုံအုပ် Bu Seunggwon (Son Hyun Joo) ရဲ့ မလျော်ကန်တဲ့ လုပ်ရပ်တွေနဲ့ ဆေးလောကရဲ့ နောက်ကွယ်က မတရားမှု​တွေကိုလည်း ​ဖော်ထုတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူမရဲ့ တိကျပြတ်သားမှုတွေကြားထဲ အလုပ်သင်ဆရာဝန်လေး Park Tae Gyeong ( Kim Wooseok) ပါ ပါဝင်ပတ်သက်လာတဲ့အခါ... ဆေးရုံတွင်း မာဖီးယားတွေကို ဘယ်လို ပညာပြမလဲဆိုတာ ရင်သပ်ရှုမောဖွယ်ရာ ကြည့်ရှုရမှာပါ။ ၂ နှစ်ကြာပြီးမှ အမိုက်စား Characterနဲ့ comebackလာတဲ့ မမ Kim Jiwon ကား​လေးမို့လို့ လက်မလွှတ်တမ်း ကြည့်ရှုခံစားလိုက်ကြရ​​အောင်​နော် ။