ဇာတ်ညွှန်း ငယ်ငယ်ကတည်းက ကွဲသွားတဲ့ ညီအစ်မနှစ်ယောက်ဖြစ်တဲ့ ဆမန်သာနဲ့ ရှားလော့တို့နှစ်ယောက် မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုကြောင့် ငယ်မြို့မှာ ပြန်ကြုံလာခဲ့ပါတယ်။ ညီအစ်မ နှစ်ယောက်လုံးက အဖေ့ခြေရာနင်းပြီးတော့ ရှေ့နေတွေဖြစ်လို့နေပါပြီ။ ခက်တာက အဲဒီငယ်မြို့ဆိုတဲ့ မြို့လေးက သူတို့နှစ်ယောက်လုံးအတွက် လုံးဝကိုမကောင်းခဲ့တာပါ။ ပြန်ကြုံရတဲ့ကိစ္စက မြို့အထက်တန်းကျောင်းမှာ အသက် ၁၈ နှစ်ပြည့်ကာစ ကလေးမလေးတစ်ယောက်က ဂန်းနဲ့ကျောင်းက ဆရာမတစ်ယောက်ကို သ-တ်မိသွားတဲ့အမှုဖြစ်ပါတယ်။ ဒါပေမဲ့ သ-တ်လိုက်တယ်ဆိုပြီး ထိထိပပ မြင်လိုက်တဲ့လူမျိုးမရှိသလို အမှုက သိသာသလိုလိုနဲ့ မထင်ရှားဘူးဖြစ်နေပါတယ်။ ဒီလိုနဲ့ ညီအစ်မနှစ်ယောက် အမှုမှန်ကို ဘယ်လိုမျိုး စုံစမ်းသွားမှာလဲ…မြို့ကရော သူတို့ပေါ်မှာဘာတွေ မကောင်းခဲ့တာလဲဆိုတာကတော့…ခံစားကြည့်လိုက်ကြပါခင်ဗျာ။