The Snow Queen FHD

The Snow Queen

Drama Romance FHD 2006-11-13 7.8

ဆင်းရဲသားရပ်ကွက်ကမွေးဖွားခဲ့တဲ့ကောင်လေးတစ်ယောက်ရှိတယ်… သူကစိတ်သဘောထားလည်းဖြူစင်သလို မွေးရာပါ ပါရမီရှင် သင်္ချာအရမ်းတော်တဲ့ ကောင်လေးတစ်ယောက်ပါ …ဒီလိုနဲ့ ကိုရီးယားအထက်တန်းကိုရောက်လာတော့ သူငယ်ချင်းတွေအများကြီးရခဲ့တာပေါ့… ပထမရတဲ့သူကိုပဲလူတွေကအမှတ်ရတာပါဆိုတဲ့ အယူအဆကိုလက်ကိုင်ထားတဲ့ သူဌေးသား သင်္ချာတော်တဲ့ပြိုင်ဘက်တစ်ယောက်နဲ့အတန်းထဲမှာဆုံကြတယ်…. လိုတရသူဌေးသား ဖြစ်တဲ့အပြင်သင်္ချာအရာမှာလည်းပြိုင်ဘက်ကင်းဆိုတဲ့ဂုဏ်ပုဒ်ဟာ ဆင်းရဲသားကျောင်းသားသစ်လေးရောက်လာတော့ သူ့ဂုဏ်ပုဒ်ဟာမှေးမှိန်ခဲ့ရတယ်…. တစ်ယောက်နဲ့တစ်ယောက် ပညာရပ်ဆိုင်ရာတွေငြင်းခုန်ရင်းနဲ့ပဲ မခွဲနိုင်မခွာနိုင်အခင်ဆုံး သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်… ဒီလိုနဲ့ကမ္ဘာ့အိုလံပစ်သင်္ချာအိုလံပစ်ပြိုင်ပွဲရောက်လာရော အများသူငှာမျှော်လင့်ထားသလိုသူဌေးသားလေးကပထမဆုမရခဲ့ဘဲ ဒုတိယဆုနဲ့ပဲကျေနပ်ခဲ့ရတယ်… ဆင်းရဲသားလူငယ်လေးကတော့ပထမရသွားတယ်…. အရမ်းခံစားနေရတဲ့သူငယ်ချင်းကိုဆင်းရဲသားလေးကနှစ် သိမ့်ပေးခဲ့ပါတယ်… ဒီမှာပဲကံကြမ္မာအလှည့်အပြောင်း ကစတော့တာပဲ သူနှစ်သိမ့်ဖို့သုံးတဲ့စကားလုံးအသုံးအနှုန်းကပဲ သူဌေးသားလေးကိုသေဆုံးသွားဖို့အကြောင်း ဖန်လာခဲ့တယ်…