Francesca Next Door FHD

Francesca Next Door

Vampire မလေးနဲ့ သာမန်လူသားကောင်လေးကြားက အချစ်ဇာတ်လမ်းလေးကို ပေါ့ပေါ့ပါးပါး ပုံဖော်ထားတဲ့ Teen Romance Fantasy စီးရီးသစ်လေး တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားထဲမှာတော့ Love Phobia, Cheer Up တို့ထဲက မင်းသား Kim Hyun Jin, မင်းသမီးချော Han Soo A နဲ့ မင်းသား Lee Seung Gyu တို့က အဓိက ပါဝင်ထားပါတယ်။ ရိုမေးနီးယားနိုင်ငံကနေ ကိုရီးယားနိုင်ငံကို ပြောင်းရွှေ့လာတဲ့ Pi Na-young (Han Su-ah) ဟာ လူသားတွေနဲ့အတူ သာမန်ကျောင်းသူတစ်ယောက်လို နေထိုင်ဖို့ ကြိုးစားနေတဲ့ Vampire မလေး တစ်ယောက်ပါ။ ဒါပေမဲ့ လူသားတွေရဲ့ နေထိုင်မှုပုံစံ၊ ကျောင်းစည်းကမ်းတွေနဲ့ ပတ်ဝန်းကျင်အသစ်ကို အသားကျဖို့က သူမအတွက် ထင်ထားသလောက် မလွယ်ကူလှပါဘူး။ကျောင်းပြောင်းလာတဲ့ ပထမဆုံးနေ့မှာပဲ ကျောင်းသားခေါင်းဆောင် Jang Woo-ju (Kim Hyun-jin) နဲ့ ဆုံတွေ့ခဲ့ပြီး Na-young ရဲ့ Vampire ဖြစ်တည်မှုကို Woo-ju တစ်ယောက် မတော်တဆ သိရှိသွားပြီးတဲ့နောက် သူမရဲ့လျှို့ဝှက်ချက် မပေါ်သွားစေဖို့ လိုက်ကူညီစောင့်ရှောက်ပေးရတဲ့အခြေအနေ ရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ Vampire မလေးဟာ လူသားတစ်ယောက်အပေါ် ပထမဆုံးအကြိမ် ရင်ခုန်မိလာခဲ့ပြီးတစ်ဖက်မှာလည်း သူမရဲ့ပင်ကိုယ်ဗီဇဖြစ်တဲ့ သွေးစုပ်လိုစိတ်ကို လှုံ့ဆော်ပေးမယ့် တခြား Vampire တစ်ယောက် ‌ရောက်လာတဲ့အခါမှာတော့ ....

အပိုင်းများ

Season 1