ဒီဇာတ်ကားလေးကတော့ တရုတ်ရှေးခေတ်ကားတွေထဲမှာတစ်ခါမှတွေ့ဖူးနေကျပုံစံမဟုတ်တဲ့ Costume comedy drama လေးပဲဖြစ်ပါတယ် ။ခေါင်းဆောင်မင်းသား မင်းသမီးတွေအနေနဲ့ မင်းသားJoseph Zhang နဲ့မင်းသမီး Tian Xi wei တိုက ပါဝင်သရုပ်ဆောင်ထားပါတယ် ။လျန်မန့်အာလိုခေါ်တဲ့ မျက်မောက်ခေတ်က မိန်းကလေးဟာ ထူးဆန်းတဲ့ system တစ်ခုနဲ့ကြုံတွေ့ပြီးရှေးခေတ်ကိုအပိုခံလိုက်ရပါတယ် ။ သူမအပိုခံလိုက်ရတဲ့နေရာကလယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့မိသားစုတစ်စုဖြစ်ပြီးရောက်ရောက်ချင်းမကြာသေးခင်မှာပဲ လျှိဝှက်ဆန်းကြယ်ပြီးသရုပ်မှန်ကိုမသိနိုင်တဲ့ ရှန်နော့နဲ့ တွေ့ဆုံပါတော့တယ် ။မန့်အာတစ်ယောက် system ရဲ့ညွှန်ကြားချက်တွေကိုဖြေရှင်းရင်း ရှန်နော့နဲ့အတူလယ်ယာထဲကဆွေမျိုးတွေရဲ့ ဒုက္ခကိုပါအတူဖြေရှင်းရပါတော့တယ် ။နှစ်ယောက်သားက ပိုက်ဆံရှာဖိုအတွက် စီးပွားရေးအတူလုပ်ကြရင်းခံစားချက်တွေ နက်ရှိင်းသည်ထက်နက်ရှိင်းလာခဲ့ပါတယ် ။မင်းသားမင်းသမီးနှစ်ယောက်က လယ်တောထဲမှာ ဆွေမျိုးတစ်သိုက်နဲ့အတူခွေးတွေ ကြက်တွေနဲ့ ဟာသပုံစံလေးရိုက်ကူးထားတဲ့ စိတ်အပန်းဖြေစရာrelax drama လေးတစ်ကားပဲဖြစ်ပါတယ်