ဇာတ်လမ်းအကျဉ်းမူးယစ်ဆေးဝါးလောကမှာ “ပါမောက္ခသား” ဆိုတဲ့ နာမည်ပြောင်နဲ့ နာမည်ကြီးနေတဲ့ ရှီဟျွန်းဟာ အပြင်ပန်းမှာတော့ အေးအေးဆေးဆေးနဲ့ ဘယ်သူ့ကိုမှ အလွယ်တကူ မယုံကြည်တတ်တဲ့ လူတစ်ယောက်ပါ။တစ်ဖက်မှာလည်း လျှို့ဝှက်ရဲတစ်ယောက် သေဆုံးမှုနောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ ရဲအရာရှိ ဆူမင်းတစ်ယောက် မူးယစ်ဆေးဝါးလောကထဲကို လျှို့ဝှက်စွာ ဝင်ရောက်စုံစမ်းရင်း ရှီဟျွန်းနဲ့တွေ့ပြီး ဇာတ်လမ်းလေးတွေ ဖြစ်လာတဲ့အခါ....ဒါပေမဲ့ ဆူမင်း မသိသေးတာကတော့ သူမ လိုက်လံစုံစမ်းနေတဲ့ မူးယစ်ဆေးဝါးလောကရဲ့ အဓိကလူတစ်ယောက်ဟာ သူမချစ်မိနေတဲ့ ရှီဟျွန်းဖြစ်နေတာပါပဲ။အချစ်နဲ့ တာဝန်ကြားမှာ ဘယ်လိုရွေးချယ်ကြမလဲ...ယုံကြည်ထားတဲ့သူတွေထဲမှာ ဘယ်သူက မိတ်ဆွေ၊ ဘယ်သူက ရန်သူဆိုတာ မသိနိုင်တဲ့ အခြေအနေတွေကြားမှာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ…လျှို့ဝှက်ချက်တွေနဲ့ သစ္စာဖောက်မှုတွေ၊ အချစ်နဲ့ အားပြိုင်မှုတွေ ရောယှက်ထားတဲ့ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးမို့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။