ငယ်စဥ်တည်းက အများနဲ့မတူဘဲ အလိမ်အညာတွေကို သိမြင်နိုင်တဲ့အာရုံကြောင့် မိုဆိုဟီးဟာ ဘဝကိုစိတ်ပျက်စွာဖြတ်သန်းနေတဲ့သူပါ။ သူမဟာ တားရော့ဟောခန်းဖွင့်ကာနေထိုင်ရင်း တစ်ရက်မှာ ဂင်ဒိုဟာဆိုတဲ့ ပုန်းလျှိုးကွယ်လျှိုးနေထိုင်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ဆုံတွေ့မိသွားပါတယ်။ ဂင်ဒိုဟာကတော့ သီချင်းပရိုဂျူဆာတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ငါးနှစ်ခန့်က မတော်တဆမှုတစ်ခုမှာ သံသယဝင်ခံရတာကြောင့် သတင်းအစအနဖျောက်ပြီး ရုပ်ဖျက်ပုန်းနေသူပါ။ ဘယ်သူ့ကိုမှမယုံကြည်ခဲ့တဲ့ ဆိုဟီးတစ်ယောက် ဒိုဟာက တကယ့်တရားခံအစစ်မဟုတ်မှန်းသိနေသောအခါ... သူတို့နှစ်ယောက် အမှန်တရားကို ဘယ်လိုရှာဖွေသက်သေပြကြမလဲ...။ ဘယ်လိုကိစ္စတွေရှိခဲ့ကြတာလဲ...။ ဆိုတဲ့ပဟေဋိလေးများသာမက သံယောဇဥ်တွယ်လာကြပုံ၊ ချစ်ကျွမ်းဝင်လာကြပုံလေးများကိုစောင့်မျှော်ကြည့်ရူရမှာဖြစ်ပါတယ်။ သရုပ်ဆောင်များကလည်း ပရိသတ်အချစ်တော် Kim Sohyun ၊ Alchemy of soulsထဲက သခင်လေးဆောလ်ယူဖြစ်တဲ့ Hwang Minhyunတို့နှင့်အတူ တခြားနာမည်ကြီးများပါ ပါဝင်ထားကြတဲ့ အချစ်ဟာသဇာတ်လမ်းလေးမို့ လက်မလွှတ်တမ်းကြည့်ရူခံစားသင့်ပါတယ်နော်။