လူတွေ မမြင်နိုင်တဲ့ အမှောင်ထဲမှာ “မိုနိုနိုကဲ” လိုခေါ်တဲ့ သဘာဝလွန်သတ္တဝါတွေဟာ လူသားတွေနဲ့အတူ တိတ်တဆိတ် တည်ရှိနေခဲ့ကြတယ်။ ဒါပေမယ့် အဲဒီလျှိဝှက်ချက်ကို သိနိုင်တဲ့သူတွေကတော့ အလွန်ရှားပါးခဲ့တယ်… နင်ဂျာမျိုးရိုးဆက်တစ်ဦးဖြစ်တဲ့ “ဂျီရို အာဇူမာ” ဟာ တိရစ္ဆာန်တွေရဲ့အသံကို နားလည်နိုင်တဲ့ ထူးခြားတဲ့စွမ်းရည်ကို ပိုင်ဆိုင်ထားသူပါ။ တစ်နေ့မှာ ဒဏ်ရာရနေတဲ့ ကြောင်နက်လေးတစ်ကောင်ကို ကယ်တင်ပေးခဲ့ရာကနေ သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့တယ်… အဲဒီကြောင်လေးဟာ သာမန်ကြောင်တစ်ကောင် မဟုတ်ဘဲ၊ တစ်ချိန်က ကမ္ဘာကြီးကို ကြောက်ရွံစေခဲ့တဲ့ ဒဏ္ဍာရီလာ မိုနိုနိုကဲ “ရာဂို” ဖြစ်နေခဲ့တာပါ… မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ဂျီရိုနဲ့ ရာဂိုတိုရဲ့ ကံကြမ္မာတွေ ဆက်စပ်သွားပြီး၊ လူသားတွေ မသိသေးတဲ့ အမှောင်ကမ္ဘာ၊ အင်အားကြီး မိုနိုနိုကဲတွေနဲ့ လျှိဝှက်အဖွဲအစည်းတွေကြားက တိုက်ပွဲတွေထဲကို ခြေလှမ်းဝင်ရောက်ခဲ့ရပါတော့တယ်… လျှိဝှက်ချက်တွေ၊ အက်ရှင်တိုက်ပွဲတွေနဲ့ မိတ်ဆွေသံယောဇဉ်တွေ ပြည့်နှက်နေပါတယ်