Street Restaurant Fighter FHD

Street Restaurant Fighter

Reality FHD 2026

နာမည်ကြီးရှိုးတွေဖြစ်တဲ့ Street Woman Fighter, Street Man Fighter စတဲ့ dance survival show တွေရဲ့ production team ကနေပြီး ဒီတစ်ခါမှာတော့ အက မဟုတ်ဘဲ cooking survival show တစ်ခုကို ထပ်မံ တင်ဆက်လိုက်ပြန်ပါပြီ။ဒီ show​လေးက​တော့ တခြား cooking show​ တွေလို ဟင်းချက်ရုံ ယှဥ်ပြိုင်တာမျိုးတင် မဟုတ်ဘဲ ဟင်းလျာ​တွေရဲ့​​​​ ရောင်းချနှုန်းကိုပါ ပြိုင်ဆိုင်သွားမဲ့ business survival​လေးပဲ ဖြစ်ပါတယ်။ ​တောင်ကိုရီးယားနိုင်ငံတစ်ဝှမ်းမှ နာမည်ကြီး စားဖိုမှူး​တွေ စား​​​သောက်ဆိုင်ပိုင်ရှင်​တွေက street food brand အသစ်​တွေကို အပြိုင်အဆိုင် ဖန်တီး ရောင်းချရမှာဖြစ်ပြီး စားသုံးသူ​တွေဘက်ကလည်း ဘယ်စားဖိုမှူးရဲ့ ဟင်းလျာမှန်း မသိ​စေတဲ့ blind sale နည်းလမ်းနဲ့ ယှဥပြိုင်သွားမှာပဲဖြစ်ပါတယ်။ အ​ကောင်းဆုံး ​ရောင်းအားအတွက် ဆန်းသစ်တဲ့ မီနူး​တွေကို ဖန်တီးပြီး စားသုံးသူ​တွေရဲ့ အား​ပေးမှုကို ရယူကာ တစ်​ယောက်နဲ့ တစ်​ယောက် ဘယ်လိုအကြိတ်အနယ် ယှဥ်ပြိုင်သွားကြမလဲဆိုတာကို ကြည့်ရှုရမဲ့အပြင် အစားအသောက်နယ်ပယ်က တကယ့် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ပညာကိုလည်း ကြည့်ရှုရမှာဖြစ်လို့ ညွှန်းဆိုလိုက်ပါတယ်