My Adventures with Superman FHD

My Adventures with Superman

အဓိကဇာတ်လိုက်ဖြစ်တဲ့ ကလာ့ခ်ကန်ဟာ သူ့ရဲ့စူပါမန်းသရုပ်မှန်ကို လျှို့၀ှက်ထားပြီးတော့ မြို့တော်ကြီးရဲ့သူရဲကောင်းတစ်ယောက်အဖြစ်တာ၀န်ထမ်းဆောင်နေရင်း သူ့ရဲ့ ဂျာနယ်လစ်အလုပ်ကိုလည်း တန်ဖိုးထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီစီးရီးမှာ ပရိတ်သတ်ကြီးတို့ရဲ့အချစ်တော်စူပါမန်းကြီးကို ကလေးဆန်ဆန်အမူအရာလေးတွေနဲ့အတူတွေ့ရှိရမှာဖြစ်ပါတယ်။ အဲဒီအပြင် စူပါမန်းအကြောင်းကို မရမကရအောင်ဖော်ထုတ်ပါမယ်ဆိုတဲ့ ဂျာနယ်လစ်မလေးလူးဝစ်ကိုမှချစ်ကျွမ်း၀င်သွားတဲ့စူပါမန်းကြီးတစ်ယောက် သူ့ရဲ့သူငယ်ချင်း ဂျင်မီအိုလ်ဆန်၊ ဂျာနယ်လစ်မလေးလူးဝစ်ရယ် သူရယ် သုံးယောက်ပေါင်းလောင်းကျော်လုပ်ပြီး စွန့်စားခန်းတွေဖွင့်ကြမှာဖြစ်ပါတယ်။ ခြုံငုံပြောရမယ်ဆိုရင်တော့ "My Adventures with Superman" ဟာ တကယ်ကို ကောင်းမွန်ပြီး ကြည့်ပျော်ရှုပျော်စေတဲ့ စူပါဟီးရိုးစီးရီးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာဆိုရင် ဟိုးအရင်ကတည်းက အားပေးလာတဲ့ fan တွေကိုရော fan သစ်လေးတွေကိုပါ ကျွန်တော်တို့ရဲ့ဂန္န၀င်ဟီးရိုးကြီး စူပါမန်းအပေါ် တစ်မူထူးခြားတဲ့ခံစားချက်အမြင်သစ်တွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးတို့ဟာ အက်ရှင်ကြည့်ရတာသဘောကျတဲ့သူ character-development တွေသဘောကျတဲ့သူနဲ့ စူပါဟီးရိုး animation တွေကို ကြိုက်နှစ်သက်တဲ့သူ မိသားစုနဲ့အတူရုပ်ရှင်လေးတွေကြည့်ပြီး chill ချင်တဲ့သူဆိုရင် ဒီ series လေးကတော့ Must-watch ပါပဲခင်ဗျာ။