Love Story in Harvard FHD

Love Story in Harvard

Drama FHD 2004

ဒီဇာတ်လမ်းတွဲလေးကတော့ 2004 ခုနှစ်တုန်းက အရမ်းနာမည်ကြီးခဲ့တဲ့ “Love Story in Harvard” ဆိုတဲ့ ဟားဗတ်ကျောင်းကြီးမှာ သွားရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ပါတယ်။ မင်းသားကတော့ Kim Rae-won နဲ့ မင်းသမီး Kim Tae-hee က သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းအစမှာတော့ ကင်ဟျွန်းဝူး (Kim Rae-won) က ဟားဗတ်တက္ကသိုလ် စပြီး ရွှေ့ပြောင်းနေထိုင်တာကနေ စတင်ထားပါတယ်။ ဟျွန်းဝူးမှာက နှစ်ဖက်မိဘတွေ သဘောတူထားတဲ့ စေ့စပ်ရမယ့် ကောင်မလေးတစ်ယောက်ရှိပါတယ်။ အဲ့ဒီကောင်မလေးကလည်း ဟားဗတ်တက္ကသိုလ်မှာပဲတက်နေပြီးတော့ သူ့ဦးလေးကတော့ ကိုးရီးယားနိုင်ငံသား ဟားဗတ်ပါမောက္ခဖြစ်ပါတယ်။ ဟျွန်းဝူးက စစရောက်ချင်းမှာပဲ တက္ကသိုလ်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပါမောက္ခကိန်းစ်ဆိုသူရဲ့ မျက်စိစပါးမွှေး အစူးခံလိုက်ရတာပါပဲ။ ကျောင်းစစတက်ချင်းမှာတင် ကင်ဟျွန်းဝူးရဲ့ အလွဲအချော်တွေကို ကြည့်ရမှာပါ။ အဲ့ဒီအချိန် ကင်ဟျွန်းဝူးက ကျောင်းကပေးနေတဲ့အဆောင်ကို မပြောင်းခင် ဟိုတယ်တစ်ခုမှာနေရင်းနဲ့ အခန်းမှားရှာတဲ့ လီဆူးအင် (Kim Tae-hee) နဲ့ တွေ့သွားပါတော့တယ်။ အခန်းမှားရှာရုံလောက်နဲ့ ပြီးသွားပေမယ့် ကင်ဟျွန်းဝူးက ပြတင်းပေါက်ကနေ လှမ်းကြည့်နေချိန် ဆူးအင်က အဘိုးကြီးတစ်ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင် ဟိုတယ်ခန်းထဲကို ဝင်သွားတာကို တွေ့လိုက်ရပါတယ်။ ထိုမှစပြီး ကင်ဟျွန်းဝူးက ဆူးအင်ကို ကြည့်တန်ဆာများလားဆိုပြီး သံသယတွေဝင်လာခဲ့ပါတယ်။ နောက်နေ့မှာ ကင်ဟျွန်းဝူးက စေ့စပ်ထားသူရဲ့ ဦးလေးဖြစ်သူ ပါမောက္ခအိုယောင်းဂျယ်ကို သွားတွေ့ပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင် လီဆူးအင်ကလည်း ပါမောက္ခအိုဆီကို ရောက်လာပါတယ်။ ကင်ဟျွန်းဝူးထွက်သွားတဲ့အချိန် ပါမောက္ခက လီဆူးအင်အရှေ့မှာ အင်္ကျီချွတ်နေတဲ့မြင်ကွင်းကို မြင်သွားပြန်ပါတယ်။ ထို့နောက်လည်း ဒီလိုတွေကြီးပဲ မြင်နေရတော့ ပြည့်တန်လို့သေချာသွားပြီး သူကိုယ်တိုင် မဖွယ်မရာလုပ်ပြီး ပိုက်ဆံပေးလိုက်ပါတယ်။ လီဆူးအင်ကလည်း ပိုက်ဆံကိုလက်ခံပြီး ထပ်ပေးရင် မိုတယ်ပါ သွားလို့ရတယ်ဆိုပြီး ပြောခဲ့ပါတယ်။ အချိန်တွေလွန်ပြီးမှ သိလိုက်ရတာက လီဆူးအင်ကလည်း ဟားဗတ်တက္ကသိုလ်က ကျောင်းသူတစ်ယောက်ဖြစ်နေတာပါပဲ။ အဲ့အပြင် ဆေးကျောင်းသူဖြစ်နေတာပါ။ ကင်ဟျွန်းဝူးမြင်တွေ့ခဲ့တာတွေက ဆေးကျောင်းသူအနေနဲ့ ဆေးဝါးဆိုင်ရာ ကူညီပေးနေခဲ့တာတွေဖြစ်နေပါတယ်။ အလွဲအချော်လေးတွေနဲ့ နောက်ပိုင်းမှာ လီဆူးအင်ကိုသဘောကျသွားတဲ့ ကင်ဟျွန်းဝူးက သူ့ရဲ့အပြိုင် ဟောင်ဂျောင်မင်းနဲ့ သုံးပွင့်ဆိုင်အချစ်လေးကိုလည်း ကြည့်ရမှာပါ။ ထို့အပြင် ကင်ထယ်ဟီးရဲ့ အလှဆုံးအချိန်မှာ ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲလေးဖြစ်လို့ သူ့ရဲ့အလှတွေကို တစ်ဝကြီးကြည့်ရှူရမှာပါ။