"ပန်းတစ်ပွင့်က ဘယ်လောက်ပဲ လှနေပါစေ အမြစ်မခိုင်ရင် အပင်သေရပေမဲ့၊ အပွင့်မလှရင်တော့ ချိုးဖဲ့ပစ်ရုံပဲ" ဆိုတဲ့ ခံယူချက်နဲ့ မင်းကြီး အီဘန်ဝန်ရဲ့ အုပ်ချုပ်မှုကို ပြောင်းပြန်လှန်ဖို့စီစဉ်တဲ့ လျှို့ဝှက်အဖွဲ့အစည်း မီလ်ဘွန်း...။ခမည်းတော်ရဲ့ ရင်ခွင်ပိုက်အုပ်ချုပ်မှုအောက်က ရုန်းထွက်ပြီး ဂျိုဆွန်းပြည်သစ်ကြီးကို စာပေပညာနဲ့ အလင်းပြလိုတဲ့ ဘုရင် အီဒို...။ ဘုရင်အီဘန်ဝန်ရဲ့ အတ္တကို လက်ဝယ်ထားလိုတဲ့စိတ်ကြောင့် မြေစာပင်ဖြစ်ပြီး အသက်ပေးခံရတဲ့ ဖခင်အတွက် လက်စားချေမဲ့ ဂန်ချယ်ယွန်း...။ပြည်သူတွေ စာတတ်မြောက်စေဖို့ ကိုယ်ပိုင်စာပေအသစ်ကို လျှို့ဝှက်တီထွင်နေချိန်မှာပဲ နန်းတွင်းပညာရှိတွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရမှုတွေဖြစ်ပွားလာပါတော့တယ်။ ဒီလူသတ်မှုတွေကို လိုက်လံစုံစမ်းကြရင်းနဲ့ ကိုရီးယားနိုင်ငံရဲ့ သမိုင်းတစ်လျှောက် အထွတ်အမြတ်ထားရဆုံးဖြစ်တဲ့ "ဟန်ဂူးလ်" (ကိုရီးယားစာပေ) ပေါ်ပေါက်လာပုံကို ဆယ်ဂျုံးမင်းကြီး ရဲ့ ဘဝကို အခြေခံပြီးလျှို့ဝှက်ဆန်းကြယ်တဲ့ လူသတ်မှုတွေနဲ့အတူ ရင်ဖိုစိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတဲ့ နန်းတွင်းဇာတ်ကားကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ရပါတယ်။Casting ပိုင်းမှာလည်း ဝါရင့်သရုပ်ဆောင်ကြီး Han Suk Kyu၊ Jang Hyuk တို့နဲ့အတူ မင်းသားချော Song Joong Ki နဲ့ မင်းသမီး Shin Se Kyung တို့လို နာမည်ကြီးတွေ အားပြိုင်ထားတာကြောင့် "ဟောင်းပေမဲ့ ကောင်းနေဆဲ" ဖြစ်တဲ့ ထိပ်တန်း ရာဇဝင်ကားတစ်ကားအဖြစ် ညွှန်းဆိုပါရစေခင်ဗျာ