ဒီဇာတ်လမ်းမှာတော့ မွေးရာပါအစွမ်းရှိတဲ့ So Jin ဆိုတဲ့ကလေးမလေးဟာ နည်းလမ်းသုံးပြီးတော့ ကျိန်စာတိုက်သူတစ်ယောက်ပါ။ Forest ဆိုတဲ့ တောင်ကိုရီးယားမှာအကြီးဆုံး IT ကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်တဲ့ Jin Jong Hyun နဲ့လည်း ရန်ငြိုးရှိသူတစ်ယောက်ပေါ့။ Im Jin Hee ဆိုတဲ့ သတင်းထောက်ကတော့ အမြဲတမ်းအမှန်တရားဘက်ကပဲ ရပ်တည်သူတစ်ယောက်ပါ။ အဲ့လိုသူမဟာForest IT ကုမ္ပဏီရဲ့ မကောင်းမှုတွေကို ဖော်ထုတ်ဖို့အကြောင်းဖန်လာတဲ့အခါမှာတော့ So Jin ဆိုတဲ့နည်းလမ်းအသုံးပြုသူနဲ့ ပူးပေါင်းမိသွားပါတော့တယ်။ ကျိန်စာတွေကိုအယုံအကြည်မရှိတဲ့သူမက ဘာလို့ So Jin ဆိုတဲ့ကလေးမလေး ပူးပေါင်းမိသွားတာလဲ။ Forest ရဲ့မကောင်းမှုတွေဆိုတာကရော ဘာတွေလဲ။ ဥက္ကဋ္ဌ Jin Jong Hyun ရဲ့လျှို့ဝှက်ချက်တွေကရောဘာတွေလဲ။ ဒီလိုစိတ်ဝင်စားစရာတွေနဲ့ပြည့်နက်နေတဲ့ ဒီ The Caused ဆိုတဲ့ သဘာဝလွန်ဇာတ်လမ်းလေးကိုတော့ အခုပဲ down ကြည့်လိုက်ကြပါနော်