Journey With You FHD

Journey With You

သာမန်သိုင်းကားမကြည့်ချင်တဲ့ကျယ်မေ့တို့၊ Bromance ကို သိုင်းကားထွက်စေချင်တဲ့ကျယ်မေ့တို့အတွက် Bromance သိုင်းကားလေးတစ်ခု ယူလာပေးပါတယ်။ အပိုင်းကလဲ တစ်ပိုင်းကို မိနစ် ၄၀ စာလောက်ကြည့်ရမှာမို့ တစ်ဝကြီးစောင်ကိုက်ရင်း သွေးအန်ရင်လဲ နှစ်ဘဝစာလောက်အန်ရမှာပါ။ဒီစီးရီးက Enemies to lovers ကိုမှ Reincarnation ပုံစံမို့ အတော်တော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ MC တွေအနေနဲ့ Tang Bi De၊ Wang Jin Han၊ Colin Duan နဲ့ Li You Cheng တို့က ပါဝင်ထားပေးပါတယ်။ ဇာတ်လမ်းအညွှန်း >>>ရှင်းမင်းဆက်ရဲ့ပဉ္စမမြောက်မင်းသားယင်းချီ ဟာ နယ်စပ်မှာ ၃ နှစ်ကြာအမှုထမ်းခဲ့ပြီးနောက် ဓားစာခံဖြစ်တဲ့ ဖေယန်ကျစ်ရဲ့သစ္စာဖောက်မှုကြောင့် နန်းတော်ကို ပြန်လာခဲ့ရပါတယ်။ ဒါပေမဲ့ နန်းတော်ကိုရောက်တဲ့အခါ အိမ်ရှေ့မင်းသားကြီးယင်းကျိုးရဲ့အကွက်ဆင်မှုထဲမှာ ဖေယန်ကျစ်နဲ့အတူ သေဆုံးသွားခဲ့ရပါတယ်။မထင်မှတ်ဘဲ လွန်ခဲ့တဲ့ ၃ နှစ်ကို ပြန်လည်ဝင်စားခွင့်ရတဲ့အခါမှာတော့ ယင်းချီဟာ အတိတ်က ကံကြမ္မာဆိုးတွေကိုပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ အရင်းနှီးဆုံးသူငယ်ချင်း ဖေယန်ကျစ်နဲ့ ညီမငယ် ယင်းဟယ့်ရှုတို့ကိုကာကွယ်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ဖေယန်ကျစ်ဟာ တကယ်ပဲ မိတ်ဆွေလား၊ ဒါမှမဟုတ် ရန်သူလား။ ကံကြမ္မာရဲ့အလှည့်အပြောင်းမှာ ယင်းချီတစ်ယောက် ဒီတစ်ခါရော လွတ်မြောက်နိုင်ပါ့မလားဆိုတာ ရင်ခုန်စွာကြည့်ရှုရမဲ့အပြင် ငယ်ရွယ်ချောမောတဲ့လူငယ်လေးနှစ်ယောက်ကြားက အချစ်၊ အနစ်နာခံမှုတို့ကိုပါ အသဲတယားယား၊ မျက်နှာကို ရေခဲရည်နဲ့အပက်ခံရသလိုခံစားချက်နဲ့ပါကြည့်ရမှာမို့ ကျယ်မေ့တို့ လုံးဝအကြိုက်တွေ့မှာ အသေချာပါပဲ။

အပိုင်းများ

Season 1