Dr. Brain FHD

Dr. Brain

ဦးနှောက်သိပ္ပံပညာရှင်လီဆဲဝွန်း ငယ်စဉ်တုန်းက မိခင်ဖြစ်သူ မ​တော်တဆကားတိုက်ခံရပြီးသေဆုံးခဲ့ရတယ်။ နောက်ပိုင်းမှာ​တော့ လီဆဲဝွန်းက ဦးနှောက်ပညာရှင် ဖြစ်လာဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တယ်။ သူကမှတ်ဥာဏ်အရမ်းကောင်းတဲ့သူတစ်ယောက် ဖြစ်ပြီး​တော့ သူမြင်​တွေ့သမျှအရာ​တွေအားလုံးကိုလည်း မှတ်မိ​​နေတယ်။ သူ့အမေဆုံးပြီး နှစ်၂၀ အကြာမှာတော့ လီဆဲဝွန်းဟာ ဦးနှောက်သိပ္ပံနယ်ပယ်မှာ ထင်ရှားတဲ့ Ph.D သိပ္ပံပညာရှင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ တစ်နေ့မှာတော့... ဦးနှောက်သိပ္ပံပညာရှင်လီဆဲဝွန်းရဲ့မိသားစုက လျှို့ဝှက်ဆန်းကြယ်တဲ့မတော်တဆမှုတစ်ခုရဲ့ သားကောင်ဖြစ်လာခဲ့ပြီး သဲလွန်တွေကို သိရှိနိုင်ဖို့အတွက်သေဆုံးသူတွေနဲ့ "ဦးနှောက်ထပ်တူပြုခြင်း"ဆိုတဲ့ စမ်းသပ်နည်းနဲ့စမ်းသပ်ပြီး လျှို့ဝှက်ဆန်းကြယ်မှု​တွေကို ဖြေရှင်းဖို့ ကြိုးစားခဲ့တယ်။ သုတေသနကို အစွဲအလမ်းကြီးတဲ့ ဦးနှောက်သိပ္ပံပညာရှင်လီဆဲဝွန်းက အဖြေ​တွေကို ရှာဖွေဖို့အတွက် အန္တရာယ်များတဲ့ "ဦးနှောက်ထပ်ထူပြုခြင်း"စနစ်ကို တိုးတက်စေ​အောင် တွန်းအားပေးတယ်ဆိုတဲ့ ဆိုးရွားတဲ့သတင်း​တွေ ထွက်​ပေါ်လာခဲ့ပါတယ်။ အဲ့ဒီ​နောက်မှာလျှို့ဝှက်ဆန်းကြယ်တဲ့သူတစ်ယောက်က သူ့ကို အဆက်အသွယ်လုပ်ပြီး သတ်သေသွားတဲ့ အမျိုးသားရဲ့ ဦးနှောက်ထဲက အချက်အလက်တွေကို ထုတ်ယူခိုင်းပါတယ်။ လီဆဲဝွန်းက စိတ်ဝင်စားပြီး အဆိုပြုချက်ကို လက်ခံခဲ့တယ်။ သူကသေနေတဲ့ ဦးနှောက်ထဲက အချက်အလက်တွေကို ထုတ်ယူဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ရက်အနည်းငယ်ကြာပြီးတဲ့နောက်မှာ သူက သူ့ကိုယ်သူ မတူကွဲပြားစွာ ပြုမူနေထိုင်ပြီး လူမှုပတ်၀န်းကျင်ကို ကွဲပြားစွာမြင်တွေ့လာခဲ့ရတယ်။ အဲ့လိုသိမြင်လာ​တော့ စူးစမ်း​လေ့လာဖို့ လီဆဲဝွန်းက လူသေအလောင်း​တွေကိုလည်း စစ်​ဆေးကြည့်ရင်း... ကျ​ရောက်လာမယ့်အန္တရာယ်​တွေ၊ အထင်အမြင်လွဲမှားမှု​တွေ၊ မထင်မှတ်ထား​တဲ့ လျှို့၀ှက်ဆန်းကျယ်မှု​တွေကို ဘယ်လို​တွေ​ဖြေရှင်းပြီးအ​ဖြေထုတ်သွားမလဲဆိုတာကို ဒီဇာတ်လမ်းတွဲ​လေးမှာကြည့်ရှုရမှာမို့ အားလုံးပဲ လုံး၀လက်လွှတ်မခံသင့်တဲ့ဇာတ်လမ်း​ကောင်း​လေးပါပဲ​နော်

အပိုင်းများ

Season 1