အားလုံးလည်း သိပြီးသားဖြစ်မှာပါ တောင်ကိုရီးယားနိုင်ငံဟာ စစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းထားတဲ့နိုင်ငံဖြစ်တယ်ဆိုတာကိုပေါ့။ အရွယ်ရောက်တဲ့အမျိုးသားတိုင်က စစ်မှုထမ်းတာဝန်ကိုမဖြစ်မနေထမ်းဆောင်ကြရတယ်လေ။ Ahn Joon Ho ဆိုတဲ့ကောင်လေးကလည်း စစ်မှုထမ်းဖို့တပ်ထဲရောက်လာတဲ့အခါမှာတော့ DP တစ်ယောက်ဖြစ်ဖို့ကမ်းလှမ်းခံခဲ့ရပါတယ်။ DP ဆိုတာကတော့ တပ်ပြေးတွေကိုလိုက်လံဖမ်းဆီးရတဲ့အဖွဲ့ပါ။ တပ်ပြေးတွေဆိုတာကလည်း တပ်ရဲ့လုပ်ထုံးလုပ်နည်းတွေကို သိပြီးသားသူတွေဖြစ်တဲ့အတွက်ကြောင့် ဖမ်းမိဖို့ဆိုတာ မလွယ်ဘူးလေ။ အဲ့ဒါကြောင့် DP ရယ်လို့ဆိုပြီး အတော်ဆုံးစစ်သားတွေနဲ့ပဲဖွဲ့စည်းထားတဲ့ အဖွဲ့ပါတဲ့။ ကဲ…Ahn Joon Ho တစ်ယောက် DP ဖြစ်လာပြီးနောက် ဘယ်လအမှုတွေကို ကိုယ်တွယ်ခဲ့ရလဲ။ ဘယ်လိုအခက်အခဲတေွနဲ့ကြုံတွေ့ခဲ့ရမလဲ။ စိတ်ဝင်စားတယ်ဆိုရင်တော့ Military Life ကိုကွင်းကွင်းကွက်ကွက်ပုံဖော်ရိုက်ကူးထားတဲ့ ဒီ “D.P” ဆိုတဲ့ဇာတ်ကားကို အခုပဲ download လုပ်ပြီး ရှုစားလိုက်ပါဦး -Rai_TiPo