Gold Land FHD

Gold Land

Crime Drama FHD 2026

ဒီတစ်ခေါက်မှာတော့ ချစ်စရာမင်းသမီးလေး Park Bo Young နဲ့ ပရိသတ်အချစ်တော် Lee Kwang Soo တို့ရဲ့ Crime, Thriller ဇာတ်လမ်းတွဲအသစ်လေး ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ Park Bo Young၊ Lee Kwang Soo တို့အပါအဝင် Kim Sung-Cheol၊ Lee Hyun-Wook နဲ့ Kim Hee Won စတဲ့ အခြားသော ဝါရင့်သရုပ်ဆောင်ကြီးများပါ ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ~ နိုင်ငံတကာလေဆိပ်မှာ လုံခြုံရေးစစ်ဆေးရေးဝန်ထမ်း ဖြစ်တဲ့ Kim Hee-Ju (Park Bo Young) ဟာ ချစ်သူဖြစ်တဲ့ လက်ထောက်လေယာဥ်မှူး Lee Do-Kyeong (Lee Hyun-Wook) ကြောင့် မှောင်ခိုအဖွဲ့အစည်းတစ်ခုကနေ ရွှေတွေ မတော်တဆ ရရှိခဲ့ပါတယ်။ ဒီလိုကနေ အလိုလောဘကြောင့်ပဲ ရွှေတွေကို အလွန်အမင်းစွဲလမ်းသွားတဲ့ Kim Hee-Ju တစ်ယောက် ငွေတိုးချေးစားသူ Jang Wook (Kim Sung Chul)၊ ဂွန်းဆောင်းဂိုဏ်းရဲ့ အမှုဆောင် Park Ho Cheol (Lee Kwang Soo) နဲ့ စုံထောက် Kim Jin-Man (Kim Hee Won) အပါအဝင် လူအမျိုးမျိုးရဲ့ မငြိမ်မသက်မှုတွေ၊ လောဘတွေနဲ့ သစ္စာဖောက်မှုတွေရဲ့ ဗဟိုချက် ဖြစ်လာတဲ့ အခါမှာတော့..... Kim Hee-Ju တစ်ယောက် ရွှေချောင်းအားလုံးကို စွန့်လွှတ်ပြီး ထွက်ပြေးသွားမလား..... ရွှေချောင်းတွေကို ရအောင်ယူပြီး လွတ်မြောက် အောင် လုပ်သွားမလား... ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာဖြစ်လို့ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးပါဦးနော်။