Spy ဇာတ်ကားတွေကိုသဘောကျတဲ့လူတွေအတွက်ဒီ Series လေးကတော့ကြည့်သင့်တဲ့ Series လေးတစ်ခုဖြစ်ပါတယ်။ဒီ Series ထဲမှာသူလျှိုတွေရဲ့အလုပ်လုပ်ပုံတွေ စစ်ဆင်ရေးဆောင်ရွက်ပုံတွေကိုတွေ့ရမှာပဲဖြစ်ပါတ်ယ်။ဒီ Series ရဲ့အကျဉ်းချုပ်ကတော့ကိုယ်ကျိုးအတွက်လုပ်နေကြတဲ့သူလျှိုအဖွဲ့အစည်းတွေအများကြီးထဲမှာမှလူသားတွေရဲ့ကောင်းကျိုးအတွက်ရည်ရွယ်ပြီးတော့ဖွဲ့စည်းထားတဲ့စစ်တဒယ်ဆိုတဲ့အဖွဲ့တစ်ခုရှိပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့စစ်တဒယ်ရဲ့အတွင်းလူဖော်ကောင်တစ်ယောက်ကြောင့်အချက်အလက်တွေအကုန်ပေါက်ကြားပြီးစစ်တဒယ်အေးဂျင့်တွေအများကြီးသတ်ဖြတ်ခံရကာ စစ်တဒယ်အဖွဲ့အစည်းကြီးလဲကျဆုံးခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာအသက်ရှင်ကျန်ခဲ့တဲ့အေးဂျင့်တွေရဲ့လုံခြုံရေးနဲ့သတင်းဆက်မပေါက်ကြားစေဖို့အတွက်အသက်ရှင်ကျန်ခဲ့တဲ့အေးဂျင့်တွေရဲ့မှတ်ဉာဏ်ကိုဖျက်ခဲ့ပါတော့တယ်။ဒီလိုနဲ့စစ်တဒယ်ရဲ့ထိပ်တန်းအေးဂျင့်တစ်ယောက်ဖြစ်တဲ့မေဆန်လဲမှတ်ဉာဏ်တွေပျောက်ကွယ်သွားပြီးသာမန်မိသားစုဘဝနဲ့နေထိုင်ခဲ့ပါတော့တယ်။ဒါပေမယ့်တစ်နေ့မှာတော့သူတို့ရဲ့အကြီးမားဆုံးပြိုင်ဘက်အဖွဲ့အစည်းကြီးမန်တီကောကြောင့်အေးဂျင့်တွေကိုပြန်လိုအပ်လာတဲ့အခါမှာမေဆန်တစ်ယောက်အရင်ဘဝကိုပြန်သွားရပုံတွေ စစ်တဒယ်ကြီးပျက်စီးသွားအောင်လုပ်ခဲ့တဲ့အေးဂျင့်ကဘယ်သူလဲဆိုတာကိုအဖြေရှာပုံတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။