First Copy FHD

First Copy

ဇာတ်လမ်းကတော့ ၁၉၉၀ နှောင်းပိုင်းနဲ့ ၂၀၀၀ ပြည့်နှစ်တွေကြားက အချိန်ကာလကို အခြေတည်ထားပါတယ်။ သားဖြစ်သူကို ရိုးသားကြိုးစားမှန်ကန်တဲ့သူ ဖြစ်စေချင်တဲ့ အဖေ့ရဲ့ဆန္ဒကြောင့် အာရီဟာ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုမှာ တောက်တိုမယ်ရလေး ဝင်လုပ်ပါတော့တယ်။ နောက်ခံမရှိ ငွေကြေးမချမ်းသာတဲ့ မျက်နှာမွဲမို့လို့ ရုပ်ရှင်ထုတ်လုပ်ရေးမှာ အနှိမ်ခံအပြောခံရင်း အာရီဟာ နဂိုလုပ်ခဲ့တဲ့ဘက်ကို ပြန်ရောက်သွားပါတော့တယ်။ ဆန်ဂျေးရဲ့ မြောက်များလှစွာသော ဖမ်းဆီးမှုတွေကြားထဲမှာ အာရီတစ်ယောက် သူ့ရဲ့ ခိုးကူးခွေစီးပွားရေးကို ဘယ်လိုနည်းလမ်းတွေနဲ့ ရှင်သန်အောင် လုပ်သွားမလဲ။ သူအောင်ရောအောင်မြင်ပါ့မလားဆိုတာ ဒီကားလေးမှာစောင့်ကြည့်ပေးကြပါဦး။