ဇာတ်လမ်းအညွှန်း===သာ့ကျင့်မင်းဆက် ချန်းလုံခေတ်ဝယ်။ကျင်းဖောတိုင်းပြည်ကို စစ်အောင်နိုင်ခဲ့တဲ့ စစ်သူကြီးHua YingTingဟာ စစ်ရေးအရအမြတ်ယူပြီး အဖိုးတန်သမီးဖြစ်သူ Hua LiuLiကို မင်းနေပြည်တော်ဆီ ပြန်လည်ပိုဆောင်ခဲ့ပါတယ်။Hua Liuliဟာလည်း မိန်းမသားတစ်ဦးဖြစ်ပေမဲ့ ပျော့ညံ့လှသူမဟုတ်၊မင်းသမီးတစ်ပါးဖြစ်ရုံတင်မက ဖခင်ဖြစ်သူ စစ်သူကြီးနဲ့ သူ(မ)အစ်ကိုတော်တိုနဲ့အတူ နယ်စပ်မှာ ကြီးပြင်းလာခဲ့ရတာကြောင့် တော်ပြီး ထက်မြက်လွန်းလှတဲ့အပြင် ကိုယ်ခံပညာပါ တတ်ကျွမ်းတတ်မြောက်ထားတဲ့ မိန်းမပျိုတစ်ဦး။သိုပေမဲ့လည်း သူ(မ)အကြောင်းက နယ်စပ်မှာတော့ မည်သိုပင် မွှေးပျံ့လွန်းနေပါစေ၊မင်းနေပြည်တော်မှာတော့ ဆန့်ကျင်ဘက်သတင်းတွေ ပြန့်နှံနေခဲ့လေရဲ့။တစ်ဖက်မှာလည်း ပထမသားတော်မဟုတ်ဘဲ အိမ်ရှေ့အရာအပ်နှင်းခံရတဲ့ ဒုတိယမင်းသား Ji YuanChao၊အိမ်ရှေ့အရာအပ်နှင်းခံရပေမဲ့လည်း အမတ်တွေကို စိတ်တိုင်းကျစေမဲ့ လုပ်ကွက်ဆိုတာ ဘာမှမရှိ၊အဲဒါကြောင့်ပဲ အမတ်တွေက သူတိုစိတ်တိုင်းကျ ချုပ်ကိုင်ခြယ်လှယ်လိုရမဲ့ ဘုရင်လောင်းကို ရွေးချယ်ခဲ့လေသလား..။တကယ့်နယ်ရုပ်က Ji YuanChaoမဟုတ်ဘဲ အမတ်တွေကိုယ်တိုင်ပဲ ဖြစ်နေသလား...။Ji YuanChaoက မာထန်အေးစက်တဲ့ အိမ်ရှေ့မင်းသားဖြစ်ပေမဲ့လည်း ဟွားမျိုးနွယ်အပေါ် တင်နေတဲ့အကြွေးရှိနေပြန်တယ်။Ji YuanChaoရဲ့ဘိုးဘေးမင်းတွေဟာ ဟွားမျိုးနွယ်ရဲ့စစ်အင်အားကို အကူအညီရယူပြီး တစ်ဖက်အင်အားကြီးတိုင်းပြည်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ဖူးတယ်။ဟွားမျိုးနွယ်ရဲ့တာဝန်ကလည်း နယ်စပ်မှာ နေပြီး တိုင်းပြည်ရဲ့တံတိုင်းဖြစ်ပေးပြီး တော်ဝင်မိသားစုကို ကာကွယ်ဖိုပဲလေ။ဒီအတွက်ကြောင့် Ji YuanChaoကလည်း သူ့လုံခြုံရေးအတွက် ဟွားမျိုးနွယ်ရဲ့အကူအညီကို ယူထားရပြန်တယ်။ဒီလိုနဲ့ နယ်စပ်ကနေ မင်းနေပြည်တော်ဆီ ပိုဆောင်ခံရတဲ့ ရွှေမင်းသမီးလေးနဲ့ အိမ်ရှေ့မင်းသားတို တွေ့ဆုံကြတဲ့အခါမှာ ဘယ်လိုဇာတ်လမ်းမျိုးတွေ ဖြစ်တည်လာလောက်မလဲ။နှစ်ဦးကြားမှာ ချစ်ခြင်းမေတ္တာပန်းတွေ ပွင့်လန်းလာလေမလား၊အာဏာရမ္မက်တွေ ဖုံးလွှမ်းနေတဲ့ ချစ်ခြင်းတရားမျိုးပဲ ဖြစ်နေမလားဆိုတာ ဒီဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြရအောင်ပါ။