Siren FHD

Siren

Siren ဇာတ်လမ်းတွဲက ၂၀၁၈ ခုနှစ်မှာထွက်ခဲ့ပြီး ထိတ်လန့်သည်းဖိုဇာတ်ကားတစ်ခုပါ... ဇာတ်လမ်းအကျဥ်းကတော့ ဘရစ်စတိုကို့ဗ်ဆိုတဲ့ ငါးဖမ်းမြို့လေးမှာ ဇာတ်အိမ်တည်ထားတာပါ.... ရှေးခတ်ကတည်းက ရေသူမရှိခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီတွေနဲ့ ပြည့်နေတဲ့ မြို့လေးတစ်မြို့ပေါ့.... တစ်ညမှာ ငါးဖမ်းသ​​​င်္ဘောတစ်စီးဟာ ငါးဖမ်းရင်း ပိုက်ကွန်ထဲမှာ ရေသူမတစ်ကောင်ပါလာခဲ့ပါတယ်... သင်္ဘောပေါ်ကလူတွေကညဘက်ဆိုတော့ ဘာကောင်မှန်းမသိဘူးပေါ့.... သူတို့က ရေသူမကိုလိုက်ဖမ်းကြရာ သင်္ဘောထဲက ငါးလှောင်ကန်ထဲထည့်ဖမ်းမိလိုက်ပေမဲ့ သူတို့ထဲက ခရစ်ဆိုတဲ့လူကတော့ ရေသူမကြောင့် ဗိုက်မှာ ဒဏ်ရာအပြင်းအထန်ရသွားပါတယ်.... အဲ့တော့ သင်္ဘောကပ္ပတိန်က အရေးအကူညီတောင်းရပါတယ်။ နောက်တော့ ရဟတ်ယာဥ်စစ်ဘက်ကလူတချို့ ရောက်လာကြပါတယ်။ သူတို့က ဒဏ်ရာရသူကို ခေါ်သွားပြီး ရေသူမကိုပါ ဖမ်းခေါ်သွားကြပါတယ်။ အဲ့ဒီနောက်ပိုင်း သင်္ဘောပေါ်ကလူတွေက ခရစ်သတင်းမကြားရတော့ပါဘူး။ အဲ့တော့ သူတို့ထဲတစ်ယောက်က သူတို့နဲ့အတူ အရင်က ငါးလိုက်ဖမ်းနေကျဖြစ်တဲ့ ဘန်လို့ခေါ်တဲ့လူဆီ ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်ပါတော့တယ်။ ပြောပြတဲ့အထဲမှာ ရေသူမနဲ့ဆိုင်တာပါတော့ ဘန်ကအစမှာမယုံပေမယ့် ကိုယ်တိုင်ကြုံလာတော့ ယုံလိုက်ရပါတော့တယ်။ ဒါကြောင့် ဘန်နဲ့ ငါးဖမ်းသမားတွေက နောက်ရေသူမ တစ်ကောင်ဖမ်းမိရင် စစ်ဘက်ကလာမယ် ။ လာရင် ခရစ်ကိုရှာတွေ့မယ်ဆိုတဲ့ ယူဆချက်နဲ့ ပင်လယ်ထဲကို ထွက်ကြပါတော့တယ်။ ရှာဖွေတာမှာ ဘယ်လိုအခက်ခဲတွေကြံရမလဲဆိုတာ သိချင်ရင်တော့ Siren ဇာတ်လမ်းတွဲမှာပဲ ကြည့်လိုက်ကြပါ..